27

8.7K 1.1K 31
                                    


Warning // Mature Contents



ကျားသွားလေး နှစ်ချောင်းကြောင့်သာမဟုတ်ရင်၊ မော့မော့က Alphaနဲ့ လုံးလုံးမှကိုမတူတာ။

~~~~~~~~~~~~~~~~~~~~~~~~~~~

သူက နင်းယွီကို နမ်းပြီး ပါးစပ်ထဲကိုမွှေနှောက်ရန် လျှာထည့်လိုက်ကာ သူ့သွားတွေက နင်းယွီနှုတ်ခမ်းတွေကို ကိုက်လာခဲ့သည်။

" အာ့... "ပါးစပ်က နာလာသောကြောင့် နင်းယွီသူ့ကို မတွန်းပဲ မနေနိုင်။

ချွန်မြနေသည့် သွားစွယ်က နင်းယွီရဲ့ အောက်နှုတ်ခမ်းကို အားသိပ်ပါဘဲ ဖိကိုက်လာ​၏။ နာကျင်ခြင်းက သူရဲ့အဆက်မပြတ်နမ်းရှိုက်နေမှုကြောင့် ပျံ့နှံ့လာပြီး မပြင်းထန်သော်ငြား ကွဲပြားနေခဲ့​၏။

သူက နင်းယွီကို ကောက်ချီ၍ အိပ်ရာဘေးဘက်ကို ကျဲကျဲလျှောက်သွားသည်။ ထိုအနေအထားကြောင့် နင်းယွီမှာ မိမိကိုယ်ကို ချိန်ညှိနိုင်ရန် သူ့လည်ပင်းကိုသာဖက်တွယ်ရတော့သည်။

" သူ အခုမင်းကို လာထိခဲ့သေးလား? " သူက နင်းယွီနှင့်အတူ အိပ်ရာပေါ်ပစ်ကျသွားပြီး မျက်နှာတိုးကပ်လာ​၏​။

နင်းယွီ သူ့ကို အသက်မရှုပဲကြည့်ရင်း မိမိခေါင်းဟာ ဗလာကျင်းလျက်။

သူက အဖြေကိုမစောင့်ပဲ မပွင့်တပွင့် တက်ခေါက်လိုက်ပြီး မျက်နှာကျော်၍ နင်းယွီရဲ့လည်ပင်းကို အထက်အောက် လျက်လာသည်။

နင်းယွီမှာမူ ခါးပင့်တက်၍ ကိုယ်က ခုံးသွားပြီိး မထိန်းနိုင်မသိမ်းနိုင် တုန်နေတော့သည်။

နည်းနည်းပဲ ရှုမိ၍လားမသိ ၊ သူသည် အစောကAlphaလို လုံးလုံး အသိစိတ်မလွတ်သည့်တိုင် ကြမ်းတမ်းထက်သန်နေဆဲဖြစ်ကာ နူးညံ့ရမည့်အတိုင်းအတာကို မသိနိုင်ဖြစ်နေဆဲပင်။

"... မင်းအရှေ့မှာ တက်တူးတောင်ရှိနေသေးတယ်။ "

သူ​က သွားစွယ်တွေနဲ့ လျက်လာပြီး ချွေးတွေက နင်းယွီရဲ့ကိုယ်ပေါ်ကို ကျလာ​၏။ သူ့နဖူးရှိဆံပင်တွေက စိုရွှဲပြန့်ကျဲလျက်အနည်းငယ် " ပုံမှန်မဟုတ် " နေသည့်ပုံပေါ်နေသည်။

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Where stories live. Discover now