လျှို့ဝှက်ချက်တချို့တော့ရှိတယ်၊ ခေါင်းတလားထဲပဲ ယူသွားခွင့်ပြုပါတော့။
~~~~~~~~~~~~~~~~~~~~~~
နောက်ဆုံးလေ့လာဆန်းစစ်ချက်အရ၊ အထင်လွဲမှားမှုအားလုံးရဲ့ အရင်းအမြစ်က ကျူလီရဲ့ရည်းစားစာ။ အဲ့ဒါသာမရှိခဲ့ရင်စုန့်ပေါလောင်နဲ့ နင်းယွီလဲ ဒီလိုဖြစ်လာကြမှာမဟုတ်။
၎င်းက သူ့ကို နင်းယွီရဲ့ အပြစ်အနာအဆာတွေ ဖမ်းဆုပ်ထားမိစေတယ်လို့ ထင်စေပြီး အကြောက်တရားမဲ့စေကာ " ကြိုက်တယ် " ဆိုတဲ့ နာမ အောက်မှာ မိမိကို သည်းခံနေစေသည်။
" ကြိုက်တယ် " ဆိုတာကြောင့်ပဲ တစ်ဖက်လူကို အကြောင်းမဲ့သက်သက် ထိခိုက်နိုင်စေသော ညစ်ပတ်တဲ့ " မုဒိန်းကောင် " အဖြစ် အောင်အောင်မြင်မြင်ကြီး ပုံဖော်ပစ်ခဲ့သည်။
နှစ်တွေအများကြီးကြာပြီးနောက် မုဒိန်းကောင်က မယားပါအစ်ကိုဖြစ်သူနဲ့လက်ဝါးရိုက်ပြီး ထိုနှစ်တွေက " နစ်နာသူ " ကို လက်ထပ်ချင်တယ်ဆိုတဲ့ အရာကိုလဲ ရရှိခဲ့ပြန်သည်။
အားလုံးက " ကြိုက်တယ် " ဆိုတာမှာ အခြေတည်ထားတာက အဓိပ္ပာယ်ရှိပါ၏။ သို့သော် တစ်ခါလောက် အုတ်မြစ်နဲ့ထောက်ပံ့မှုမရှိပါလျှင် ယူဆချက်အားလုံးက ပြိုလဲပြီး ကျိူးကြောင်းဆီလျောမှု ကင်းမဲ့လာမည်ဖြစ်သည်။
စုန့်ပေါလောင် သံသယရှိနေတာ ပုံမှန်ပါပဲ။ ဒီ " လေထုညစ်ညမ်းမှုကြီး " ဆက်လုပ်ဖြစ်ဖို့အတွက် နင်းရှီက အလိမ်အကြီးစားနဲ့ မိမိကို လှည့်စားခဲ့မယ်လို့ သူဘယ်လိုလုပ်ပြီး တွေးမိမှာလဲ ?
မိမိရဲ့ စုန့်ပေါလောင်နဲ့ ပတ်သတ်ယှက်နွယ်မှုဟာ ကျူလီနဲ့ အစပြုခဲ့ပြီး နင်းရှီထံမှ အမြှီးချိုးခံရသည်။ အစကနေအဆုံးထိနင်းယွီတို့နှစ်ယောက်က အလိုလိုရုပ်သေးရုပ်နှစ်ရုပ်နဲ့သာတူပြီး ပေါကြောင်ကြောင်နိုင်လွန်းစွာ ကြိုးကိုင်ခြယ်လှယ်ခံခဲ့ရရုံသာ။
မင်းမကြိုက်ရင်၊ ဘာလို့ သူ့ကို လက်ထပ်ခဲ့သလဲ ?
ဒီပြဿနာက ပြတ်သားတယ်မဆိုသာသော်လည်း စကားလုံးတိုင်းက နင်းယွီရဲ့ ဒဏ်ရာရှိ အနာကျင်ဆုံးအပိုင်းကို ထိုးနှက်နေသလိုပင်။
YOU ARE READING
ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』
Romance" အကယ်၍ မင်း တစ်ခုခုကို အမှားလုပ်မိခဲ့ပြီဆိုရင်၊အကျိုးဆက်တွေကို ရင်ဆိုင်ဖို့လိုတယ်။ ဒါကြောင့် ငါက တစ်ဘဝစာလုံး ကံအကြောင်းမလှဖို့ရာ ပြင်ဆင်ခဲ့ပြီးပြီ။ " စုန့်ပေါလောင် x နင်းယွီ