စုန့်မော့က နောက်နှစ် ကျောင်းတက်ရတော့မယ်။ သူကရွယ်တူတွေနဲ့ တစ်ခါမှ မပေါင်းဖူးတော့ သူနေသားကျပါ့မလားမသိဘူး ။
______________________________
လမုကန်က ကုန်းတွင်းရေကန်ကြီးတစ်ကန်ဖြစ်ပြီး သုံးပုံတစ်ပုံလောက်က ရှန်းတန်မှာရှိတာပင်။ ရှုခင်းလှလှတွေအပြင်၊တောင်၊မြစ်တွေနှင့် ကိုင်းကျွန်းမှီကျွန်းကိုင်းမှီ အခြေအနေကြောင့် ရာထူးရာခံကြီးသူတော်တော်များက ၎င်းကို ရှန်းတန်မှာရှိတဲ့ ပြိုင်ဘက်ကင်း ရတနာမြေအဖြစ် သတ်မှတ်ထားကြကာ၊ မြေဝယ်၍ ကန်ဘေးမှာ အိမ်တွေ တည်ဆောက်ခဲ့ကြသည်။ထို့ကြောင့် ၎င်းကို " သူဌေးကန်" လို့လည်း ခေါ်ကြသည်။
ရှချောင်က ဒီရေကန်အတွင်း သူ့ဘာသူခုန်ချ၍ အဆုံးစီရင်ခဲ့သည်။
" စိတ်မလောပါနဲ့။ မင်းကျန်းမာရေးအတွက် မကောင်းဘူး "
တောက်ဘုန်းကြီး ဝေ့ကျင်မှာ မိမိကြောင့် အိပ်ရာမှ အမြန်လူးလွန့်ထလာရပြီး နင်းယွီကလဲ ညအိပ်ဝတ်စုံပေါ်မှာ အစိမ်းပုတ်ရောင်ကုတ်တစ်ထည်သာ ဝတ်ချိန်ရှိခဲ့သည်။ ယာယီအားဖြင့် သူဟာ ဆံထိုးမရှာနိုင်တော့ကြောင့် တူတစ်ချောင်းကိုသာ ဖြစ်သလိုအသုံးပြုထားရသဖြင့် ဆံပင် အများစုက ချော်ထွက်နေကာ အလွန့်အလွန် ဖရိုဖရဲနှင့်။
" သူတို့တွေ လူကို လမ်းထဲမှာတင် ပြန်ပေးဆွဲလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ခဲ့တာ.... " နင်းယွီ ဖုန်းကို ကျစ်ကျစ်ပါအောင်ဆုပ်ထားသဖြင့် လက်ဆစ်များပင်ငေါထွက်လာသည်။
စိတ်ဆန္ဒမပါသော အမှတ်အသားဖြစ်ပေါ်စေရန် သူတို့၏ တမင်အားထုတ်မှုများကို တွေးမိလျှင် နင်းယွီ တုန်ယင်လာရသည်။
ဒီနေ့ သူတို့က အမှတ်အသားလုပ်ဖို့ ပြန်ပေးဆွဲနိုင်ရင်၊ မနက်ဖြန်မှာ အခြားအကျိုးအမြတ်အတွက် သတ်တောင်သတ်ပစ်နိုင်ကြလိမ့်မည်။
တောက်ဘုန်းကြီးဝေ့ကျင်က သက်ပြင်းယဲ့ယဲ့ချလိုက်ပြီး " ဒါက ငါ့မိသားစုဆိုပေမယ့်လဲ ငါသူတို့အတွက် စကားပြောပေးမှာမဟုတ်ဘူး။ ငါ့ရဲ့အဲ့ဒီဦးလေးက အကြံဆိုးတွေ သိပ်ပေါတယ်။ အရင်တုန်းကလဲ ငါ့အဖေက သူလုပ်ကြံပြောတာတွေကိုနားယောင်ပြီး ရှချောင်နဲ့ လော့ချင်ဟယ့်ကို ကမောက်ကမနဲ့ အမှတ်အသားပြုမိအောင်လုပ်ခဲ့တယ်။ ငါ့တူလေး ငယ်ငယ်ရွယ်ရွယ်နဲ့သေသွားရတာ စိတ်မကောင်းဘူး။ အခု သူ့မှာ တစ်ယောက်ထဲကျန်တဲ့ သားကိုလဲ ဒီလိုဆက်ဆံပြန်ပြီ။ ငါ့အပြစ်လဲပါတယ်။ငယ်ငယ်တုန်းကတော့ နာကျင်တာကိုပဲ စွဲလမ်းနေမိတာကိုး။ ငါသာ အိမ်ကထွက်ပြီး ဘုန်းကြီးမဖြစ်လာခဲ့ရင် တော်တော်များများဖြစ်လာခဲ့မှာမဟုတ်ဘူး။ "
VOUS LISEZ
ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』
Roman d'amour" အကယ်၍ မင်း တစ်ခုခုကို အမှားလုပ်မိခဲ့ပြီဆိုရင်၊အကျိုးဆက်တွေကို ရင်ဆိုင်ဖို့လိုတယ်။ ဒါကြောင့် ငါက တစ်ဘဝစာလုံး ကံအကြောင်းမလှဖို့ရာ ပြင်ဆင်ခဲ့ပြီးပြီ။ " စုန့်ပေါလောင် x နင်းယွီ