Warning // Slightly Mature Contents
ကျွန်တော်အသက်ရှင်ချင်တယ်။ နှစ်နှစ်ဆယ်ဖြစ်ဖြစ် ၊ဆယ်နှစ်ဖြစ်ဖြစ် ပေးမယ်ဆိုရင်တောင် ကျွန်တော်မယုံဘူး .....
~~~~~~~~~~~~~~~~~~~~~~~~~
ဘာကို ကြီးကြီးမားမားဝန်ခံချက်လဲ ? ဘာကို နောင်တလဲ?
နင်းယွီစကားလုံးတိုင်းကို သေချာနားလည်နိုင်သော်လည်း ပေါင်းစုလိုက်ချိန်တွင်မူ လူကို အလွန့်အလွန် ဦးနှောက်ခြောက်စေသည်။
" ဘာကို...... "
စုန့်ပေါလောင်က အကိုက်ဟန့်ကို ချွတ်လိုက်ပြီး အောက်ပစ်ချလိုက်ကာ နင်းယွီထံ လျှောက်လို့လာသည်။
" အပြစ်ရှိတဲ့ ကြမ္မာကို နောင်တယူတဲ့ အလေ့အထ " သူက မိမိတို့နှစ်ယောက်ရဲ့ အကွာအဝေးကို ဆက်ချုံ့လာခဲ့ရာ အလွန်နီးကပ်လာသည်မှာ ခန္ဓာကိုယ်တွေ အချင်းချင်း ထိတိုက်မိတော့မလိုပင်။ နင်းယွီ နောက်တစ်ချက်ဆုတ်လိုက်ပေမယ့် သူကခါးကို လှမ်းဖက်၏။
" ပုံမှန်ဆို မနက်နဲ့ညနေတိုင်း ကိုယ် ကျမ်းရွတ်နေပေမယ့် နင့်နင့်နဲနဲ မဖြစ်သေးဘူးလို့ထင်လို့ ကိုယ်ပေါ်မှာတက်တူးထိုးခဲ့လိုက်တာ "
ခန္ဓာကိုယ်တွေက ပူးကပ်နေပြီး အသက်ရှုသံများ ရောယှက်နေကာ ကိုယ်အပူချိန်က အရိုးတွေထဲအထိ လောင်ကျွမ်းတော့မလို အဝတ်တွေမှတဆင့် တိုးဝင်လာခဲ့သည်။
သူစကားတွေရဲ့ အဓိပ္ပာယ်မှာ နင်းယွီရဲ့ဦးစားပေးထားတဲ့ကိစ္စတွေမဟုတ်တော့ဘဲ အခုမူ သူ့ကို ဝေးဝေးသာတွန်းထုတ်ချင်တော့သည်။ အရမ်းနီးနေသည်၊ သူက မိမိနဲ့ သိပ်ကို နီးကပ်လွန်းနေပြီ။
ဒီလို လုပ်လို့မဖြစ်ဘူး......
" ကိုယ့်တစ်ဘဝလုံးလုပ်ခဲ့သမျှတွေကို နောင်တရနေမှာပါ "
စုန့်ပေါလောင်က လက်မြှောက်၍ နင်းယွီ ပါးပြင်တွေကိုထိလာပြီး လက်မဖြင့် မျက်လုံးလေးတွေကို ဖွဖွသပ်ပေးသည်။
" နင်းယွီ... ကိုယ်မှားခဲ့တာ သိပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ.. ကိုယ့်ကို တွန်းမထုတ်ပါနဲ့လား "
VOUS LISEZ
ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』
Roman d'amour" အကယ်၍ မင်း တစ်ခုခုကို အမှားလုပ်မိခဲ့ပြီဆိုရင်၊အကျိုးဆက်တွေကို ရင်ဆိုင်ဖို့လိုတယ်။ ဒါကြောင့် ငါက တစ်ဘဝစာလုံး ကံအကြောင်းမလှဖို့ရာ ပြင်ဆင်ခဲ့ပြီးပြီ။ " စုန့်ပေါလောင် x နင်းယွီ