36

8.4K 1.1K 48
                                    

လျန်ချိူးယန်က ကျွန်တော်ဘာကြောင့် နှစ်တွေအကြာကြီး မချစ်မိသလဲလို့မေးလာတယ်။ ဘာလို့မချစ်မိတာလဲ? ဒီလိုလူမျိူးကို ချစ်မိဖို့က အရမ်းပြဿနာများရတယ်။

~~~~~~~~~~~~~~~~~~~~~~~

စုန့်ပေါလောင်နဲ့ စကားစမြည်က အဆင်မပြေစွာနဲ့ပဲ အဆုံးသတ်ခဲ့သည်။ သူက ကွာရှင်းတာကိုလက်မခံသဖြင့် မိမိအတွေးတွေကို လုံးဝပယ်ချလိုက်ကာ အန်တီကျိူးကိုတောင် နင်းယွီရဲ့ မှတ်ပုံတင်ကဒ်ယူထားဖို့ ပြောထားလေသည်။

နင်းယွီက ကွာရှင်းသည်ကို အရင်ထုတ်ပြောဖို့ မသင့်တာဖြစ်ကောင်းဖြစ်နိုင်​၏။ သူ့စရိုက်အရဆိုပါလျှင် သူကဘယ်လိုလုပ်ပြီး မိမိကို " ပထမ " ပေးဖြစ်ဖို့ ခွင့်ပြုမှာလဲ? အနှေးနဲ့အမြန်ပင် သူ အိမ်ထောင်ရေးကို အဆုံးသတ်မှာဖြစ်သော်ငြား ရွမ်မိသားစုနဲ့ ကျူလီသတင်းထွက်လာတဲ့ နေ့မှာ နင်းယွီက ပြောလိုက်တာမို့ မိမိက တာဝန်ပြီးစီးသွားပြီး သူ့ကို ရှင်းထုတ်ဖို့ မစောင့်နိုင်တော့သလိုဖြစ်သွားစေ​၏။

မြင့်မြတ်ပြီး ထူးချွန်တဲ့ Alphaတစ်ယောက်ဖြစ်တဲ့အလျောက် သူက ဘယ်လိုလုပ်ပြီး နင်းယွီနဲ့ ကစားလိုစိတ်ရှိမှာလဲ? တခြားဘာမှမဟုတ်ပါဘဲ သက်ပြင်းလေးတစ်ချက်ချရုံဖြင့် သူကကွာရှင်းခွင့်ကို သဘောတူမှာမဟုတ်ပေ။ သူက နင်းယွီကိုတကယ် စက်ဆုပ်စရာလို့တောင် မြင်သွားရသည် ။

နင်းယွီက နှစ်ရက်ဆက်တိုက် ဇွဲကောင်းစွာ နင်းရှီကိုဖုန်းဆက်ခဲ့ရာ သုံးရက်မြောက်ကျမှ သူမက ပြန်ဖြေလာသည်။ နင်းယွီက ကျူလီကို အမှတ်အသားလုပ်ခဲ့တဲ့ Alphaက ရွမ်လင်ဟယ့်ဖြစ်ကြောင်းသိလို့ မိမိကိုဖိုင်ခိုးခိုင်းခဲ့တာလားလို့ မေးလိုက်သည်။ ဒီလိုမေးခွန်းထုတ်ခံရလျှင်တောင် နင်းရှီက အပြစ်ရှိစိတ်မဖြစ်ပဲ စိတ်သဘောထားပြည့်ဝစွာဖြင့် မိမိကို ဖုံးကွယ်ထားတာအား ဝန်ခံခဲ့သည်

" ငါ့ကိုအပြစ်မတင်နဲ့​။ ငါလဲ လွန်ခဲ့တဲ့နှစ်ပတ်ကမှ သိခဲ့တာ။ " သူမ အသံက လျစ်လျူရှုဟန်ပေါ်သော်လည်း တကယ်ပြောနေခဲ့တာပင်။

" ကျူလီ အဲ့ဒီခွေးမသားလေးက ကံကောင်းတာလေ။ရွမ်မိသားစု သခင်လေးဆီက အမှတ်အသားလုပ်ခံရမှတော့ငါးဆားနယ်က ပြန်လှည့်လာပြီး ကောင်းကင်မှာပျံဝဲနေတယ်လို့ ယူဆရမှာပေါ့။ ပြီးခဲ့တဲ့ ၂ရက်တုန်းက ယွင်ရှန်းကတော့အပျော်လုံးဆို့နေတာ၊သူ ရွမ်မိသားစုနဲ့ အလုပ်များနေတယ်လေ။ ခမည်းခမက်လောင်းကိုး " အဆုံးမှာ သူမက နှာမှုတ်လိုက်​၏။

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Where stories live. Discover now