66

9.6K 1.1K 16
                                    

ကျူလီအတွက်၊ သူကိုယ်တိုင်အပါအဝင် အားလုံးက အသုံးချနိုင်တဲ့ နယ်ရုပ်လေးတွေပဲ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နင်းယွီ စုန့်ပေါလောင်ကို ဖုန်းပေးလိုက်သည်။

သူက နင်းယွီကို အံ့ဩသလို ကြည့်လာပြီးမှ ဖုန်းကို ယူလေသည် ။

" အင်း၊ ငါက စုန့်ပေါလောင် " တစ်ဖက်မှ ဟန်ယင်းက သူ့ကို ဘာပြောလိုက်သည်မသိ။ အစတုန်းက သာမန်အမူအရာမျိူးနှင့်ဖြစ်နေပြီး ပန်းကန်လုံးထဲမှ လက်ကျန် ဆော့စ်ကို လက်ချောင်းနဲ့သဲ့ယူပြီး ပါးစက်ထဲထည့်ကာ ဖွဖွစုပ်လိုက်သေး​၏။ထို့နောက်မှ မျက်မှောင်ကြုတ်သွားလျက် သူ့မျက်နှာမှာပြောင်းသွားပြီး " အခုဒီကိုလာလိုက်။တွေ့ပြီးမှ အသေးစိတ်ပြောကြတာပေါ့ "

ခဏအကြာ၊ သူ ဖုန်းချလိုက်ပြီး ဖုန်းကိုပြန်ပေးလာသည်။

" ဟန်ယင်းက ချန်ကျန်းသမီးရဲ့ဖြစ်ရပ်တစ်ခုလုံး ကြိုကြံစည်ပြီး တိုက်ခိုက်တာလို့ပြောပြီး ဘယ်သူလုပ်လဲသိတယ်လို့ပြောတယ်။ " စုန့်ပေါလောင်က ပြောလာ​၏။

" ကြိုတင်ကြံစည်တယ်?" နင်းယွီ နည်းနည်း လန့်သွားရကာ " ဘယ်သူလုပ်တာလို့ သူပြောလဲ? "

ဒီကိစ္စက အတော်လေးပင်ရှုပ်သည်ဖြစ်ရာ ကြံစည်မှုတစ်ခုဆိုပါလျှင် ဘာအတွက်နည်း? ချန်မိသားစုအတွက်လား.... မဟုတ်ရင်.... လော့ချင်ဟယ့် ကြက်ဥနဲ့ပေါက်ခံရတဲ့ ပုံရိပ်က ရုတ်ခြည်း နင်းယွီစိတ်ထဲဝင်လာခဲ့ပြီး တစ်စုံတစ်ရာကိုအလျင်မှီသွားသလို ခံစားလိုက်ရသည်။

လော့ချင်ဟယ့်ကို ရည်ရွယ်တာများလား?

စုန့်ပေါလောင်က ပြတင်းအပြင်က ကောင်းကင်ကြီးကို မော့ကြည့်ပြီး အသံဩဩဖြင့် စကားနှစ်လုံးပြောလိုက်သည်။ " ရွမ်မိသားစု "

မမျှော်လင့်ထားတာမျိုး မဟုတ်ပေမယ့် နည်းနည်း ကြောက်သွားရမိဆဲ။

ရွမ်မိသားစုရဲ့နည်းလမ်းတွေက အရမ်းညစ်ပတ်လွန်းလှသည်၊ အပြစ်မဲ့ မိန်းမငယ်လေးကိုပင် ပြစ်မှတ်ထားခဲ့​၏။နိုင်ငံရေးသမားတွေ ရက်စက်တတ်တာက ပုံမှန်ဆိုတာ နင်းယွီသိသော်လည်း ဒါဟာ ရက်စက်သည်မဟုတ်တော့၊လက်သီးပုန်းထိုးတဲ့ လုပ်ရပ်တစ်ခုပင်။

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Dove le storie prendono vita. Scoprilo ora