Unicode
" မင်းဘဝနဲ့ မင်းနေ၊ ငါလဲ ငါ့ဘဝနဲ့ ငါနေမယ်။ တွင်းရေက မြစ်ရေနဲ့ မပေါင်းဘူး၊* ဒါကြောင့် ထားလိုက်တော့ "
[ တစ်ယောက်နဲ့တစ်ယောက် မစွပ်ဖက်ပဲ ကိုယ့်ကိစ္စကိုယ်ပဲ လုပ်မယ် ]
နင်းယွီက တံခါးကို ပိုဖွင့်လိုက်လျှင် စုန့်ရှောင်းက ခုမှ ခံစားမိသလို အနောက်လှည့်ကြည့်လာသည်။
" စားရအောင် " နင်းယွီက အသံတိတ် ပါးစပ်လှုပ်ပြလိုက်၏။
စုန့်ရှောင်းက အနည်းငယ် နေရခက်ဟန်ဖြင့် ခေါင်းညိတ်ပြပြီး ဖုန်းကို အမြန်ချလိုက်သည်။
နင်းရှီးက မြေပေါ်မှာ အိမ်ဆောက်တုံးတွေနဲ့ ကစားနေတာကြောင့် နင်းယွီ သူ့ဆီကို လျှောက်သွားပြီး ဒူးထောက်ထိုင်ချလျက် ပြောမိသည်။ " ညစာစားပြီးမှ ပြန်တိုက်ကြမလား? "
သူမက မိမိလာတာကို သတိပြုမိသွားပုံရပြီး အာရုံစိုက်နေရာမှ ရုတ်တရက် ပြန်အသိဝင်ကာ အံ့ဩတသင့်ဖြင့် လက်တွေကိုဆန့်ပေးလာ၏။
" မာမီ ! "
နင်းယွီသူ့ကို အောက်မှ ကောက်ချီလိုက်ပြီး " ကိုကိုပြန်လာတဲ့အခါ မာမီတို့ ညစာစားလို့ရပြီ "
သူက မိမိနောက်ကို လှည့်ပတ်ကြည့်ပြီး ဒက်ဒီဘယ်မှာလဲ မေးလာသည်။
" ဒက်ဒီက ဒီနေ့ ကုမ္ပဏီမှာနည်းနည်း အလုပ်များနေလို့ ညစာစားဖို့ ပြန်လာမှာမဟုတ်ဘူး။ "
သူမက စူပုတ်သွားလျက် : " ဒါဆို သမီးက ဒက်ဒီကို မအိပ်ခင် မတွေ့ရတော့ဘူးပေါ့ ... "
ကောင်မလေးက သူမမိသားစု အိမ်ပြန်အလာကို စိတ်ပူတတ်လေ့ရှိပြီး စုန့်ပေါလောင်ကိုဆို တစ်ရက်မတွေ့ရလျှင်ပင် လွမ်းနေတတ်သည်။ သွေးကစကားပြောတာပဲ ဖြစ်ပေမည်။
" မနက်ဖြန် မနက် ဒက်ဒီအလုပ်မသွားခင် သမီးကို သူ လာနှိူးစေချင်လား ? l"
သူမက သက်ကြီးသက်ပြင်းချသည့်စတိုင်ဖြင့် အင်တင်တင်လုပ်၍ လက်ခံလာ၏။
" ဟုတ်။ " သူမက နင်းယွီပုခုံးကို လာဖက်၍ ကလေးဆန်သည့်အသံဖြင့် " မာမီ သူ့ကို သမီးနဲ့ပိုကစားခိုင်းရမယ်။မဟုတ်ရင်သမီးက ကြီးလာတော့မှာ "
BẠN ĐANG ĐỌC
ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』
Lãng mạn" အကယ်၍ မင်း တစ်ခုခုကို အမှားလုပ်မိခဲ့ပြီဆိုရင်၊အကျိုးဆက်တွေကို ရင်ဆိုင်ဖို့လိုတယ်။ ဒါကြောင့် ငါက တစ်ဘဝစာလုံး ကံအကြောင်းမလှဖို့ရာ ပြင်ဆင်ခဲ့ပြီးပြီ။ " စုန့်ပေါလောင် x နင်းယွီ