9

8.7K 1.1K 16
                                    

အခန်း ၉ - ကလေးလေးရဲ့ ငိုသံကိုကြားလို့ မျက်လုံးဖွင့်လိုက်မှ အိပ်မက်မက်နေတယ်ဆိုတာ သိလိုက်ရတယ်။ ဒါကအိပ်မက်လား၊ အိပ်မက်ဆိုးလားဆိုတာတောင် ကျွန်တော်မပြောနိုင်ဘူး။

_______________________________

စုန့်မော့က တခြားသူတွေနဲ့ ကောင်းကောင်းမဆက်ဆံနိုင်တာကြောင့် အသက်၅နှစ်မှာ ကျောင်းသွားလို့်မရခဲ့သည့်တိုင်တစ်ပတ်မှာ ၆ရက်၊၇ရက်လောက် အတန်းပြည့်နေတတ်​၏။

ယင်းက နင်းယွိ တစ်ပတ်မှာ ၆ရက် လိုက်ဗ်ထုတ်လွှင့်ပြီး တစ်ရက်ပဲ နားတာနဲ့တူသည်။ မည်သို့ဆိုစေ အရင်တစ်ခေါက်တိုက်ရိုက်ထုတ်လွှင့်မှု မတော်တဆကြောင့် နင်းယွိ အပြည့်အဝပြန်လည် နလံမထူနိုင်သေးတာမို့ platform administrator နဲ့အတူ နှစ်ရက်ထက်ပိုပြီး ခွင့်ယူလိုက်ရာ အနားယူဖို့ သုံးရက်ပြည့်ပြည့်ဝဝ ရရှိခဲ့​၏။

နဂိုတုန်း​က နင်းယွိဟာ နေမြဲနေလျက်ရှိခဲ့ပြီး စိတ်ပိုရှုပ်ရမှာကိုလဲ ဂရုမစိုက်ခဲ့ပေ။

စုန့်ပေါလောင်ရဲ့ စာအုပ်စုဆောင်းရေးဟာ အရမ်းကို အထင်ကြီးလောက်စရာဖြစ်သည်။ နံရံတွေပတ်ရံထားသော၄,၅မီတာမြင့်သည့် သစ်ကြားသားစာအုပ်စင်နှင့် သပ်သပ်ရပ်ရပ်စီတန်းထားကာ ထိပ်ဆုံးက စာအုပ်တွေကိုမူ လှေကားအကူဖြင့်သာ ကြည့်နိုင်မည်ဖြစ်သည်။

စာကြည့်တိုက် အလယ်၌ ကြက်သွေးရောင် ဒီဇိုင်းနဲ့ လက်ရက်ကောဇောတစ်ခုရှိသည်။ ဖန်တီးမှုကောင်းသော အနက်သားရေဆိုဖာကလဲ ကော်ဇောရဲ့ ခေါက်ချိူးညီမျဉ်းပေါ်မှာ အချိူးကျကျဖိချထား​၏။ ဆိုဖာရှည်က ဘေးနှစ်ဖက်လုံးမှာအနေအထားတူတူနဲ့ရှိနေပြီး သစ်ကြားသားနှင့် လုပ်ထားသော်ကော်ဖီစားပွဲရှိသည်။

စာကြည့်တိုက်တစ်ခုလုံး​၏အခန်းဖွဲ့စည်းပုံက သက်တောင့်သက်သာဖြစ်ပြီး မှိုင်းအုံ့ကာ နည်းနည်း အစွဲအလမ်းကြီးသလိုပင်။

စာအုပ်အများကြီးက ရုတ်တရက် နင်းယွိကို နည်းနည်းလေး ကြက်သေသေသွားစေ​၏။နင်းယွိ နံရံတွေကို မော့ကြည့်လိုက်မိပြီး အချိုကိတ်တွေကို မိတ်ဆက်ပေးနိုင်မည့် စာအုပ်နဲ့ မဂ္ဂဇင်းနှစ်အုပ်လောက်ရှာလိုက်သည်။ သို့သော် စုန့်ပေါလောင်က ဘာကြောင့်ဒီဖက်ကို စိတ်မဝင်စားလဲမသိသည့်တိုင် ဖတ်ရှုဖို့ တကယ့်ကိုနည်းနည်းလေးသာရှိ​၏။

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Where stories live. Discover now