စီးပွားရေးလောကမှာ ကျွန်တော်တို့တွေက သမာဓိရှိတာကို အလေးထားရမယ်၊ ပြီးတော့ လူသားလဲ ဆန်ရမယ်။
~~~~~~~~~~~~~~~~~~~
သန့်စင်ခန်းကို ကိုင်ရင်း နင်းယွီ အစာအိမ်ထဲက အရည်တွေကို ထွေးထုတ်ပစ်လိုက်သည်။ အတင်းကာရော အန်လိုက်ရသဖြင့် ကြွက်သားများပင် ထိန်းမနိုင်သိမ်းမရ တောင့်တင်းကာ မျက်ရည်တွေကျလာတော့၏။ ဘာမှ အန်စရာမကျန်တော့သောအခါ နင်းယွီ အောက်မှာထိုင်လျက် နည်းနည်းအားမရှိတော့သလို ခံစားရသည်။
" ဟေး... မင်း အဆင်ပြေရဲ့လား? "
ရေခလုတ်ကိုဆွဲချ၍ နင်းယွီသည် တသျှူးတချို့ဆွဲထုတ်ကာ မျက်နှာပေါ်က အညစ်အကြေးနှင့် မျက်ရည်တွေကို သုတ်ပစ်ရင်း တံခါးဝမှ စုန့်ပေါလောင်ကိုလှည့်ကြည့်လိုက်မိသည်။
သူက တံခါးဘောင်ကို ကိုင်၍ မျက်နှာထက်တွင် " စိုးရိမ် " သည့်အမူအရာတချိူ့ရှိနေလျက်။ သို့သော် မျက်စိတမှိတ်အတွင်း မျက်ခုံးတွေ မြှင့်တက်လာကာ နှုတ်ခမ်းပါးတို့ကလဲ ကရုဏာမရှိသလို တစ်ဖြောင့်တည်း စေ့သွားပြီး မျက်နှာပေါ်က အမူအရာမှာ " စိတ်မရှည် " ဟူသော ကျွမ်းဝင်သည့် သဏ္ဌာန်ပေါ်လာခဲ့လေသည်။
" စကားပြော။ " သူကသန့်စင်ခန်းထဲကို ဝင်လာ၍ နင်းယွီရှေ့မှာ တစ်ဝက် ထိုင်ချပြီး နှစ်စက္ကန့်လောက် တုံ့နေပြီးမှလက်မြှောက်ကာ နဖူးကို စမ်းကြည့်လာသည်။
နင်းယွီရဲ့ မျက်လုံးတွေသည် မည်းနက် တောက်ပ၏။ အရေပြားကလဲ သံအပူကို ထိတွေ့ရသလိုပင်။ ။ နင်းယွီနှုတ်ခမ်းကို ဟလျက် ကြားနိုင်သလောက်သက်ပြင်းတစ်ချက် ချလိုက်၏။ပင်ပန်းနွမ်းလျနေပြီဖြစ်၍ မျက်ခွံတွေကလဲလေးကျလာသည်။
" အပြန်တုန်းက နည်းနည်း ကားမူးခဲ့တာ.... "
နင်းယွီ စကားမဆုံးခင်မှာပင် စုန့်ပေါလောင်က သူ့လက်ဖဝါးကို ပြန်ရုတ်သွား၏။
သနားစရာကောင်းလိုက်တာများ....
ဘာကို သနားစရာကောင်းတာလဲ? နင်းယွီသည် မူးဝေလာသည်အထိ အော့အန်ထားခဲ့ပေမယ့် ဒီအတွေးကတော့ ချက်ချင်းရှင်းလင်းနေခဲ့သည်။
YOU ARE READING
ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』
Romance" အကယ်၍ မင်း တစ်ခုခုကို အမှားလုပ်မိခဲ့ပြီဆိုရင်၊အကျိုးဆက်တွေကို ရင်ဆိုင်ဖို့လိုတယ်။ ဒါကြောင့် ငါက တစ်ဘဝစာလုံး ကံအကြောင်းမလှဖို့ရာ ပြင်ဆင်ခဲ့ပြီးပြီ။ " စုန့်ပေါလောင် x နင်းယွီ