29

8.6K 1.1K 45
                                    

စုန့်ပေါလောင်က အမြဲတမ်း ကျွန်တော့်ကို ကိုက်တယ်။ Alpha Pheromone က Betaအတွက်ဆိုးကျိူးရှိနေမလား မသိဘူး။

~~~~~~~~~~~~~~~~~~

နင်းယွီ ဘာလုပ်ရမလဲမသိ။ စုန့်ပေါလောင်က မနေ့ညကမှ ထွက်သွားပြီး ဒီနေ့မွန်းလွဲပိုင်းမှာ ပြန်လာခဲ့သည်။ ကံကောင်းလိုက်တာများ၊ သူ လျန်ချိုးယန်နဲ့ပါ ပက်ပင်းကြုံလိုက်​၏။

နင်းယွီ သူ့ကို နှစ်ဖက်လုံးက စိုက်ကြည့်မိလျှင် အလုံးစုံငြိမ်သက်နေပုံပင်။ အချိန်အကြာကြီးရှိသလို ခံရသော်လည်း စင်စစ်စက္ကန့်အနည်းငယ်မျှသာ ရှိသေး​၏။

" အာ... မင်းက လတ်တလော ရေပန်းစားနေတဲ့ အိုက်ဒေါလ်အဆိုတော်လေးမလား ?" လော့မုန်ပိုင်က ရုတ်တရက်ကြီး စုန့်ပေါလောင်ဘေးက ပြူထွက်လာသည်။

လျန်ချိူးယန် အသံကြားလိုက်ရချိန် လူနှစ်ယောက်ကို လှည့်ကြည့်မိသည်။ သူ လော့မုန့်ပိုင်ကို မြင်လိုက်ရလျှင် အခု မိမိအတိုင်း ကြောင်သွားရလေသည်။ခဏအကြာမှ သူက ထရပ်၍ တစ်ဖက်လူကို သိမ်မွေ့သည့်အပြုံးလေးဖြင့်နှုတ်ခွန်းဆက်သည်။

" ဟယ်လို... "

နင်းယွီမှာ အချင်းချင်း ၇နှစ်တိုင် သိကျွမ်းခဲ့သည့် ဒီOmegaကို ကြောင်လျက် ကြည့်နေမိတော့​၏။ နှစ်တွေကြာအောင် သူ ဒီလောက်ရိုးသားနေတာမျိူး မတွေ့ခဲ့ရပါလေ။

ဒါက... ဒါက.. ဗောဒ့်ကာပုလင်းကို နို့စတော်ဘယ်ရီလို့ တံဆိပ်ကပ်ထားတဲ့အတိုင်းပဲ... ကို့ရို့ကားယားနဲ့ ဖုံးနေလိုက်တာ။

လော့မုန့်ပိုင်က စုန့်ပေါလောင်ကို ဖြတ်လာ၍ လျန်ချိူးယန်အား အပြုံးဖြင့် အရင် လက်ဆန့်ပေးလာသည်။ ရွှေကိုင်းမျက်မှန်က သူမအသားအရေကို ဖြူဖွေးစေပြီး အထက်တန်းလွှာတစ်ယောက်ရဲ့ အသွင်အပြည့်။

" ဟယ်လို... ကိုယ်က လော့မုန့်ပိုင်၊ ပေါလောင်ရဲ့ တစ်ဝမ်းကွဲပါ။ " သူမ စကားပြောလျှင် နှုတ်ခမ်းစွန်းတို့က ကွေးတက်သွားပြီး " ဒါက Alpha " လို့ပြသနေတဲ့ သွားစွယ်တွေ ပေါ်လာခဲ့​၏။

လျန်ချိူးယန်က သူမလက်ကို ကျဉ်းကျပ်ဟန်ဖြင့် ဆုပ်ကိုင်လိုက်ပြီး " ငါက ...လျန်ချိူးယန်ပါ၊ Omegaတစ်ယောက် "

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Où les histoires vivent. Découvrez maintenant