ရှီးနဲ့ မော့က ကောင်းကောင်းကြီးကို ဘက်ညီလိုက်တာ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စုန့်မော့က ထွက်သွားဖို့ ငြင်းနေ၏။ နေ့လယ်စာစားပြီးနောက် သူက နင်းယွီနဲ့ အတူနေပြီး အိပ်ဖို့ မရမကတောင်းဆိုနေခဲ့သည်။
ကံကောင်းစွာနဲ့ အိပ်ရာက ဗွီအိုင်ပီဆိုဒ် ၁.၅မီတာဖြစ်တာကြောင့် ကလေးနဲ့ အတူအိပ်ဖို့ လုံလောက်သည်။
နင်းယွီက ဒီရက်တွေမှာပျောက်နေခဲ့ပြီး သူက တိုက်ရိုက်ထုတ်လွှင့်တာကိုလဲ မစောင့်နိုင်သလို မိမိထံမှ ဖုန်းခေါ်ဆိုတာလဲ မရခဲ့ပေ။ သူက အရမ်းစိတ်ပူလာပြီး နင်းယွီသူ့ကို မလိုချင်တော့ဘူးလားဆိုတာကို တစ်ဖန် သံသယဖြစ်လာသည်။
" သားဖိုးဖိုးကို အိမ်ပြန်ပြီး မာမီနဲ့တွေ့ချင်လို့လို့ပြောခဲ့တယ်။ သူက အကြာကြီးနေမှ ခေါ်လာပေးတာ " သူက နင်းယွီရဲ့လက်မောင်းထဲမှာ လှဲရင်း ချွဲတတ်တဲ့ကြောင်လေးလို မိမိလက်ချောင်းလေးတွေကိုကစားနေခဲ့သည်။
နင်းယွီက တိုးတိုး ပြောလိုက်သည်။ " မာမီတောင်းပန်ပါတယ်၊ ဒီရက်တွေမှာ နေမကောင်းလို့ ဆေးရုံရောက်နေတာလေ။ ဒါကြောင့် တိုက်ရိုက်ထုတ်လွှင့်တာလဲမလုပ်နိုင်ဘူး၊ မော့မော့ကို ဖုန်းလဲခေါ်လို့မရခဲဘူး။ နောက်မလုပ်တော့ဘူးနော် "
စုန့်ပေါလောင်ဆီက သင်ခန်းစာတွေက ကလေးကို စွန့်ပစ်တယ်ဆိုတဲ့ ထင်မြင်ချက်အောက်မှာချန်ထားလို့မဖြစ်ကြောင်း နင်းယွီကို ပြောပြနေလေရဲ့။ စုန့်မော့က ကလေးလေးပဲရှိသေးတာကြောင့် အခုလူကြီးများရဲ့ အချိုးအကွေ့တွေကို နားမလည်နိုင်ပေ။နင်းယွီလုပ်နိုင်သမျှဟာ သူ့ကို တတ်နိုင်သလောက်လုံခြုံမှုပေးပြီး ပိုပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးပြင်းခွင့်ပြုစေခြင်းပင်။
ကျန်တာကတော့ နောက်နောင်မှာ သူပုံမှန်အတိုင်း နားလည်သွားပါလိမ့်မည်။ ... နင်းယွီကို သူ ဘယ်တော့မှ မမှတ်မိတော့မှာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
" မာမီ့ အပြစ်မဟုတ်ပါဘူး။ " သူက ဘေးတိုက်လှည့်၍ နင်းယွီရဲ့ ဗိုက်ကိုထိကာ လေးလေးနက်နက်ဆိုလာသည်။
KAMU SEDANG MEMBACA
ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』
Romansa" အကယ်၍ မင်း တစ်ခုခုကို အမှားလုပ်မိခဲ့ပြီဆိုရင်၊အကျိုးဆက်တွေကို ရင်ဆိုင်ဖို့လိုတယ်။ ဒါကြောင့် ငါက တစ်ဘဝစာလုံး ကံအကြောင်းမလှဖို့ရာ ပြင်ဆင်ခဲ့ပြီးပြီ။ " စုန့်ပေါလောင် x နင်းယွီ