3

11.7K 1.1K 23
                                    

ကျွန်တော် ပန်ဒိုရာသေတ္တာကိုဖွင့်လိုက်ပြီး ကိုယ့်ကိုယ်ကို စိတ်ပျက်လက်ပျက်ဖြစ်စေလိုက်တယ်

__________________________________

နင်းယွိရဲ့ ဆန့်ထားတဲ့လက်တွေက တည့်တည့်ပင် စုန့်ပေါလောင်ထံမှ လျစ်လျူရှုခံလိုက်ရသည်။

သူ့လက်တွေကို ဘောင်းဘီအိတ်ထဲမှာ ထည့်၍ သူက မောက်မာလွန်းလှသည်။ " မင်းက ဒီမှာဘာလုပ်နေတာလဲ? ငါ့တို့လက်ထပ်ပွဲက နှစ်လလောက်လိုသေးတယ် "

နင်းယွိ ရှက်တာကြောင့် ဘာလုပ်ရမည်ကို မသိ။ တင်းခနဲ့ မြေညီထပ်ကို ချက်ချင်းရောက်သွားနိုင်တယ်ဆိုရင် နင်းယွိကိုယ်တုန်နေပါရင်တောင် တုံ့ဆိုင်းခြင်းမရှိ ခုန်ချလိုက်မိပေမည်။

" ငါ.... " နင်းယွိ သူ့ကို ရူးနှမ်းနှမ်းလေးကြည့်လိုက်မိပြီး လည်ချောင်းကလဲ တင်းကာ တုံ့ဆိုင်းနေ​၏။

တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် အရမ်းမုန်းမိပါသည် ၊ ရင်ထဲမှာ သောက်ကျိုးနည်းဒီလောက် များနေရင်တောင်တစ်စုံတစ်ခု ပြောချင်တဲ့အခါ ဘာကြောင့် ကို့ရို့ကားယားဖြစ်နေရသလဲ။

ရုတ်တရက် စုန့်ပေါလောင်ရဲ့ မျက်လုံးတွေ ကျဉ်းသွားကာ နင်းယွိနောက်က ကောင်လေးကို မြင်လိုက်လေသည်။

" စုန့်မော့? မင်းက ဘာလို့ ဒီမှာ တစ်ယောက်တည်းရှိနေတာလဲ... မင်း နာနီရော? " သူ မျက်မှောင်ကြုတ်သွားပြီး မျက်နှာအမူအရာကလဲ အနည်းငယ် အကျဉ်းတန်သွားသည်။

စုန့်မော့က သူ့ကို အတော်လေး ကြောက်သည့်ပုံပင်။ သူ့အဖေကို မြင်လိုက်ရလျှင် သားတစ်ယောက်ထံမှ ချစ်မြတ်နိူးခြင်းမျိူး သူ့တွင်မရှိ။ ယင်းအစား သူက နင်းယွိနောက်ကို ပိုပင် ကျုံ့ဝင်သွား​၏။

" ငါ သူ့ကိုဘေးက မောလ်မှာ တွေ့ခဲ့တာ.... " နင်းယွိ သူ့ဖုန်းကို ထုတ်၍ Call Log ပြလိုက်ပြီး " သူက ငါ့ကို ဖုန်းနံပါတ်တော့ပေးတယ်။ ဒါမယ့် ခေါ်လဲပြီးရော တစ်ဖက်က ငါ့ကိုလူလိမ်လို့ပြောပြီး ဖုန်းချသွားတယ်။ပြီးတော့ ငါ မင်းရှေ့ကို ပေါ်လာဖို့မရည်ရွယ်ထားဘူး "

နောက်ဆုံးစကားဟာ တိုးသည်ထက်တိုးသွားသည်မှာ အဆုံးသတ်တွင် မပွင့်တပွင့်ဖြစ်လုနီးပါးပင်။

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Onde histórias criam vida. Descubra agora