4

11.9K 1.2K 40
                                    

ကျွန်တော် ဆယ်ကျော်သက်အရွယ်က လရောင်ဖြူ(ပိုင်ယွဲ့ကွမ်း)? ဟင့်အင်း, ဒါက ရေမြောင်းထဲက မြင်းကျင်ငယ်လိုပဲ မလွှဲမရှောင်သာ ဖြစ်တည်မှုတစ်ခုသာသာ။

_____________________________

" ထောပတ်ခရင်မ်ထဲကို ဒီခရမ်းရောင်ကာလာလေး ထည့်မယ်။ အရမ်းဆတူဖြစ်အောင်မမွှေရဘူး။ သကြားစေးအိတ်ထဲကို ဖြည့်ထည့်ရမယ်။ ပြီးရင် နံပါတ် 101 ပန်းဖျားကို ရွေးမယ်... "

ကွန်ပျူတာ ပြင်ပြီးသည့်နောက် လက်ကဒဏ်ရာကလဲ တဖြည်းဖြည်း အနာကျက်လာ​၏။ နင်းယွိ အမြန်ပင် Amberမှာတိုက်ရိုက်ထုတ်လွှင့်မှုကို ပြန်ထေရသည်၊ဘာပဲဖြစ်ဖြစ် သုံးစွဲဖို့ စုမိထားတာမှ မရှိပဲလေ။

ပရိတ်သတ်ထုရဲ့ မှတ်ချက် တွေက စခရင်ပေါ်မှာ တစ်ခုပြီးတစ်ခုပေါ်လာပြီး လူအများကြီးမရှိသဖြင့် နင်းယွိ သူတို့ကို တစ်ခုချင်း ပြန်ဖြေနေလိုက်သည်။

" ဟုတ်တယ် ဒါက လိုင်းလက်ပန်းပါ။ လိုင်းလက်ပန်းရဲ့ အဓိပ္ပာယ်က.... အချစ်ဦး ဖြစ်မယ်ထင်တယ် " နင်းယွိ အစောကလုပ်ထားတဲ့ နှင်းဆီပန်းရောင်လေးကို အခုလုပ်ထားတဲ့ လိုင်းလက်ပန်းပေါ်မှာ နေရာချပေးလိုက်သည်။

" ဘယ်လိုတောင် တိုက်ဆိုင်လဲ။ နှင်းဆီပန်းရောင်ရဲ့ ပန်းဘာသာစကားကလဲ အချစ်ဦးဆိုတဲ့အဓိပ္ပာယ်ပဲ။ တနည်းဆိုရရင်ဒီနေ့ ကိတ်ကို 'မိန်းကလေးရဲ့အချစ်ဦး'လို့ ခေါ်ရမယ်ထင်ပါ့ "

နင်းယွိဟာ ကြည့်ရှု့သူတွေကို မျက်နှာ မပြပါဘဲ အမြင်အား ပြတ်သားကျွမ်းကျင်စွာ ဖော်ပြနိုင်ပြီး အကျပ်မရိုက်ပါဘဲတစ်ခါတလေ ဟာသပျက်လုံးတွေကိုပင် လုပ်နိုင်သေး​၏။

" ငါ့ နာမည်ကို သာမန်ကာလျှံကာပဲ ပေးလိုက်တာလား ? မင်းတို့ ငါ့အမေကို မဆုံဖူးလို့ပါ... သူမက ပိုပြီး သာမန်ဆန်တယ်... "

Amber သည် အချိန်အပိုင်းအခြားအလိုက် အခကြေးငွေကောက်ခံသည့် တိုက်ရိုက်ထုတ်လွှင့်မှု platform တစ်ခုဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့်ခန်းမှာ ကြည့်ရှုသူ များပြီး ကြာကြာလေး နေပေးလေလေ ၊ နင်းယွိရဲ့ ဝင်ငွေက အထင်ကြီးလောက်စရာအဖြစ်ဆုံး ဖြစ်လေလေပင်။ လျန်ချိုးယန်ကတော့ ဒါဟာ ရှော့ပင်းမောလ်တွေရဲ့ ကားယာဉ်ရပ်စနစ်နဲ့ တူတယ်လို့ဟာသပြောဖူး​၏။ စတိုးတွေမှာ ဝယ်ယူသူတွေကို ထိန်းရန် နည်းလမ်းပေါင်းစုံသုံးလေလေ ကားပါကင်အကျိုးအမြတ်ကလဲ မြင့်လေလေပင်။နှစ်မျိူးဟာ ဈေးကွက်ချဲ့ထွင်ဖို့ အထောက်အကူပြုရန် တစ်ခုကို တစ်ခု ဖြည့်ဖက်ပေးနေကြသည်။

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Where stories live. Discover now