Extra-8

8.2K 1K 41
                                    


Unicode




" ငါ ရှန်းတန်ကနေ မထွက်ရတာကြာပြီ။ ရွမ်လင်ဟယ့်က ငါကလေးကို မကောင်းတာတွေ သင်ပေးမှာစိုးလို့ ကလေးကိုလာမကြည့်စေချင်ဘူးလေ။ ဒီခရီးက ယွဲ့ကျူကို နောက်ဆုံးခေါ်သွားမယ့် ခရီးလို့ ပြောမှ သူ လက်ခံတာ "

ကောင်လေးက နာနီနဲ့ဆုံပြီး တံခါးရှေ့မှ ပုံရိပ်ပျောက်ကွယ်သွားမှ ကျူလီက အကြည့်လွှဲ​၏။

သူ ရှန်းတန်က ထွက်မသွားနိုင်ဘူး။ ဒါဟာ အရင် အထိနာအမှု​၏ ဆုံးဖြတ်ချက်နှင့် သက်ဆိုင်နေတာဖြစ်လောက်မည်။ခံဝန်ဖြင့် သုံးနှစ် ပြစ်ဒဏ်ကျနေပြီး အပတ်စဉ် ပြည်သူ့ဝန်ထမ်း သုံးနာရီလုပ်ရသည်။ စီရင်ချက်ကို တွက်ကြည့်လျှင်နောက်နှစ်မှ အကုန်ပြီးစီးမည်ပင်။

" မင်း ဘာပြောချင်လို့လဲ? "

" ငါ့ Alphaဆီက စွန့်ပစ်ခံလိုက်ရတယ်။ မင်းကတော့ ငါ့ကို စိတ်ဓာတ်ကျနေမယ် ထင်မှာပေါ့ "

နင်းယွီ ရယ်မိတော့မလို့။ " ငါက မင်းကိစ္စတွေကို အမြဲတမ်း အာရုံစိုက်နေလိမ့်မယ်လို့ မင်းဘာလို့ ထင်နေရတာလဲ? "

နင်းယွီ လျန်ချိုးယန်ဆီက ကြိုပြီး အတင်းအဖျင်းကြားထားပြီးသော်လည်း ဒါဟာ နေ့စဉ် ဖျော်ဖြေရေးသတင်းတွေထဲကသတင်းထုတ်လွှင့်မှုလိုမျိူး ဇာတ်ဆောင်က မိမိနဲ့ ဘာမှ မသက်ဆိုင်နေသောကြောင့် ဂရုမစိုက်ဖြစ်ပါ။

လေညှင်းက အသံတိတ်ဖြတ်တိုက်သွားသလို ငန်းတွေကလဲ ခြေရာမချန်ပဲ ဖြတ်သန်းသွားတာ၊ ဒီတိုင်းနားထောင်လိုက်ရုံပဲ။ * သနားစရာလဲမဟုတ်သလို နှစ်ထောင်းအားရဖြစ်စရာလဲမဟုတ်ပေ။

[ တချို့အရာတွေက သေးနုတ်ပြီး ပြသဖို့မလိုသင့်သလို၊ တချို့အရာတွေက ကြီးကြီးမားမား သတိပေးစရာ ဖြစ်သင့်တယ်]

" မစိုက်ဘူးလား? " သူက ပြုံးလျက် " မင်းက အမြဲတမ်းဒီလိုပဲဆိုတာ ငါမေ့သွားတယ်။ အရမ်းကြင်နာတတ်ပြီး သဘောကလဲကောင်းလွန်းလို့ လူကိုရွံမိစေတယ်။ ငါကတော့ မင်းနဲ့လုံးဝတခြားစီပဲ။ ငါလုပ်ချင်တာကို လုပ်ကိုလုပ်မယ်။ ငါမုန်းတဲ့ သူတွေကို အမြစ်ဖြတ်ပစ်မှာ။ လမ်းမှာလာရပ်တာက Alphaတွေဆိုရင်တောင် တစ်ယောက်ချင်း ချနင်းပြီး အောင်မြင်ဖို့အတွက် ငါ့လမ်းပေါ်က အနင်းခံကျောက်တုံးတွေ ဖြစ်လာအောင်လုပ်မယ် "

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Where stories live. Discover now