60

11.1K 1.1K 13
                                    

အကျင့်ဆိုတာက အရမ်းကြောက်စရာကောင်းတယ်။ အရင်တုန်းက ကျွန်တော် ကွေ့ဟွားပန်းအနံ့ကိုမကြိုက်ခဲ့ပေမယ့်အခုတော့ တစ်ရက်လောက် အနံ့ရတာနှင့် တစ်ခုခုပျောက်သလို ခံစားလာရပြီ။

_____________________________________

ဆေးရုံ​ ကိုယ်ပိုင်လုံခြုံရေး​၏ဖိနှိပ်မှုအောက်မှာ ကုသဆောင်ဟောခန်းက အဓိကရုဏ်းဟာ မြန်မြန်ပဲထိန်းချုပ်နိုင်သွားခဲ့သည်။

လော့မုန့်ပိုင်က အဖြူကုတ်ထဲ လက်ထည့်၍ ဂိတ်အပြင်မှ ရောက်လာသည်။ သူမမျက်နှာပေါ်က ရွှေကိုင်းမျက်မှန်ဟာအလင်းအေးအေးတွေ ဖြတ်ပြေးသွားသောကြောင့် လူအားလုံးကို တိုက်ရိုက်တည်ငြိမ်သွားစေတော့သည်။

" ဒဏ်ရာရတဲ့လူတွေကို အရင်ကုပေးလိုက်၊ ပြီးရင် ဒဏ်ရာမရတဲ့လူတွေကို ရောက်တာနဲ့ရဲလက်ထဲလွှဲပေးလိုက်၊ ခုခံတဲ့သူတွေ ကြက်သေသေသွားလိမ့်မယ် "

သူမနောက်မှာတော့ လီရွှင်က ခေါင်းလေးတိုးဝှေ့၍ နင်းယွီတို့ထံကို အပြေးရောက်လာခဲ့သည် ။

" ဥက္ကဋ္ဌစုန့် ၊လူကြီးမင်းနင် မင်းတို့ အဆင်ပြေရဲ့လား? "

ရှရှန်းနဲ့ ယန်ဟွာရာစုရဲ့ စီးပွားရေးချိုးဖောက်မှုကိစ္စက စတင်တော့မည်ပင်။ဒီမနက်မှာပဲ ရှရှန်းက မီဒီယာတွေနဲ့ အမေးအဖြေကဏ္ဍရှိခဲ့​၏။ မနေ့တုန်းက စုန့်ပေါလောင်က မွန်းလွဲမတိုင်မချင်း ပြန်မလာဘူးလို့ ပြောခဲ့တာကြောင့် ဟန်ယင်းကအင်အားပြပွဲမှာ ရုတ်ရုတ်သဲသဲဖြစ်ကြောင်း ပြောပြစဉ်က နင်းယွီ သူယာဉ်ကြောပိတ်တော့မည်ဟု ထင်ခဲ့သည်။

မမျှော်လင့်ပါဘဲ သူက မပိတ်ရုံသာမက ကောင်းကင်က ဆင်းသက်လာသည့် အံဖွယ်စစ်သားတစ်ယောက်လို အန္တရာယ်ကျနေသော နင်းယွီနဲ့ သူနာပြုကိုပါ ကယ်တင်ခဲ့​၏။

ဒါကို နင်းယွီ ကံကောင်းတယ်လို့ ပြောရမလား၊ သူနဲ့ မိမိကြားမှာ တစ်မူထူးတဲ့ခံစားချက်တချို့ရှိနေတယ်လို့ ပြောရမလားမသိတော့။

" အဆင်ပြေပါတယ်။ " နင်းယွီက လီရွှင်တစ်ယောက် ခြေဗလာနှင့် ဒေါက်ဖိနပ်ကိုကိုင်ထားမှန်း သတိပြုမိသွားပြီးမေးသည်​။ " မင်းက ဘာလို့ဖိနပ်မစီးထားတာလဲ? "

ဒဏ်ရာဟောင်း || ဘာသာပြန် || 『Completed 』Where stories live. Discover now