[၅] စေ့စပ်ထားသောသတို့သားလောင်း။

9.4K 1.2K 9
                                    

!unicode!

ဆေးရုံခန်းထဲတွင် လင်ရွှမ်းလော့ကဆေးရုံကုတင်ပေါ်တွင်လဲလျောင်းနေပြီး သူ့မျက်နှာမှာဖြူဖျော့နေကာ သူဟာမျက်လုံးမှိတ်လျက်သားဖြင့်အနားယူလို့နေသည်။

သူ၏စုံစမ်းစစ်ဆေးမှုမှာမနက်ပိုင်းတွင်ဆိုင်းငံ့ထားသဖြင့် နောက်ထပ်ကုသမှုများအတွက်ဆေးရုံသို့​ပြန်ပို့ခဲ့ခဲ့ရသည်။ ဤအချိန်မှသာ လင်မိသားစုမှာအလည်လာရန်အခွင့်အရေးရှိလာခြင်းဖြစ်သည်။

ဤအဖြစ်အပျက်ကြောင့် လင်ပါးပါးမှာလည်းအလုပ်မှဆိုင်းငံ့ခံထားရသည်။ ဤအချိန်တွင် သူကဆေးရုံကုတင်ရှေ့မှာသားကြီးအတွက်ပန်းသီးအခွံနွှာပေးနေသည်။

လင်ခုံးလုဆေးရုံခန်းတံခါးကိုသေချာဂရုတစိုက်တွန်းဖွင့်လိုက်ရာ ရက်အတော်ကြာအိမ်ပြန်မလာခဲ့သည့်သူ၏ဖခင်မှာအတော်လေးအိုမင်းသွားသည်ကိုတွေ့လိုက်ရပြီး ဆေးရုံကုတင်ပေါ်ရှိအစ်ကိုကြီးမှာလည်းအလွန်ဖြူရော်လျက်ရှိသည်။

သခင်လေး၏မျက်လုံးများမှာတမဟုတ်ချင်းနီမြန်းသွားပြီး သူဟာတံခါးဝမှာရပ်နေမိပြီး အထဲမဝင်သွားရဲပေ။

လင်ပါးပါးကသားငယ်လေးရောက်လာတာကိုအရင်တွေ့သွားပြီး မျက်နှာထက်တွင်အပြုံးတစ်ပွင့်နှင့်ထရပ်ကာ ပြောလာသည်။
"ရှောင်လုရောက်လာတာပဲ၊ ဘာလို့အထဲမဝင်လာတာလဲ။ မင်းရဲ့အစ်ကိုကြီးကိုတွေ့ချင်လို့ဂျီတိုက်နေခဲ့တာမဟုတ်ဘူးလား။"

သခင်လေးအထဲဝင်သွားပြီး အစ်ကိုကြီးကိုကြည့်လိုက်ပြီးနောက် သူ့အဖေကိုသေချာဂရုတစိုက်မေးမိသည်။
"ပါးပါး၊ အစ်ကိုကြီးတကယ်အဆင်ပြေရဲ့လား။"

လင်ပါးပါးကသူ့ခေါင်းကိုထိကာ သက်ပြင်းချလျက်ပြန်မဖြေပေ။

အခြားတစ်ဖက်၌ ဆေးရုံကုတင်ပေါ်ရှိလင်ရွှမ်းလော့ကမျက်စိဖွင့်ကာ သူ့ညီငယ်လေးကိုကြည့်၍ပြုံးကာပြောလာသည်။
"အစ်ကိုကြီးဘာလုပ်နိုင်မှာလဲ။ ဒါနဲ့ အားစစ်ကမင်းကိုဒီလိုက်ပို့ပေးတာမလား။ သူဘာလို့အထဲမဝင်လာတာလဲ။"

သူကထိုသို့ဆိုကာ လင်ရွှမ်းလော့ကသူ့နောက်ကိုကြည့်လိုက်သည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now