[၁၅၂] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။

2.8K 530 6
                                    

Arc(7) အကြင်နာမဲ့ရက်စက်သောရှစ်စွင်း (၂၄)။

ထျန်းချင်းဇစ်၏အသံကိုကြားတော့ ဂိုဏ်းချုပ်ချီဟွာကသက်ပြင်းချကာသက်သေပြလာသည်။
"ဒါကကျူးယင်ဓားပေါ်ကပုံရိပ်ပဲ၊ အဲ့တုန်းကကျုပ်လည်းအဲ့မှာရှိနေခဲ့တာ၊ ဒီတော့ပုံရိပ်ဖမ်းကျော​က်တုံးကဖန်တီးလုပ်ယူထားတာမဟုတ်မှန်းကျုပ်လင်ဂိုဏ်းချုပ်ကိုယ်စားသက်သေပြပေးနိုင်တယ်။"

"ဟုတ်တယ်၊ ဒီပုံရိပ်ဖမ်းကျောက်တုံးကကျွန်မဟာဖြစ်ပြီးတော့​ ကျောက်တုံးထဲကပုံရိပ်ကဘုရားကျောင်းရဲ့ယဇ်ပလ္လင်မှာကျွန်မမှတ်တမ်းတင်ခဲ့တယ်ဆိုတာကျွန်မလည်းသက်သေပြနိုင်တယ်။" ခုန်းရှန်ကလည်းအပြုံးတစ်ပွင့်ဖြင့်ဆိုလာသည်။

သူမကလက်ဝှေ့ရမ်းကာကလူမြူဆွယ်သောမျက်နှာထားဖြင့်ယပ်တောင်ကိုဖြန့်လိုက်ပေမဲ့ ပုံရိပ်ဖမ်းကျောက်တုံးကဝူလင်းယွင်ဟာဆိုသည့်အချက်ကိုတမင်ဖုံးကွယ်ထားသည်။ သူမကသူမတပည့်ကိုဒီတိုက်ပွဲမှာမပါစေချင်သော​​ကြောင့်ဖြစ်လောက်မည်။

ထိုစဥ်ဝမ်ရင်ကဓားဆွဲထုတ်ပြီး လျိိုရှီးယွီကိုဓားဖြင့်ရွယ်ကာ မျက်ဝန်းထဲမှာအေးစက်သောအကြည့်ဖြင့် အေးစက်စက်အသံဖြင့်ပြောလိုက်သည်။
"ငါဒီပုံကိုငါ့မျက်စိနဲ့တပ်အပ်မြင်ပြီးပြီ။ လျိုရှီးယွီ၊ မင်းကလျို့ဝှက်နယ်မြေထဲမှာအရင်ဂိုဏ်းချုပ်ကိုလုပ်ကြံခဲ့တယ်၊ မင်းဒါကိုငြင်းချင်သေးလား။"

ထိုစကားကိုကြားတော့ တောင်ထွတ်သခင်များကလျိုရှီးယွီကိုတစ်ယောက်ပြီးတစ်ယောက်စူးစိုက်ကြည့်လာကြသည်။ ထျန်းချင်းဇစ်ကမသိမသာယိမ်းထိုးသွားကာ မယုံကြည်နိုင်ဟန်ဆိုလာသည်။
"လျို လျို....မင်းဘာလို့ဒီလိုပုန်ကန်တဲ့ကိစ္စမျိုးကိုလုပ်ခဲ့တာလဲ။"

လျိုရှီးယွီမှာထပ်ခါတလဲလဲစွပ်စွဲခံနေရပေရာ သူ့မျက်နှာထားမှာအလွန်ရုပ်ဆိုးလို့နေသည်။

အမှန်တော့လျို့ဝှက်နယ်မြေထဲတွင်ထျန်းခန်ဇစ်ကိုလုပ်ကြံပြီးနောက်မှာ ရှေးဟောင်းလျို့ဝှက်နယ်မြေပြန်ပေါ်လာတိုင်း သူကသူ့ကိုယ်စားလှုပ်ရှားမှုကိုစောင့်ကြည့်ပေးရန် လျို့ဝှက်နယ်မြေထဲဝင်သွားသည့်လူတချို့ပေါ်မှာရုပ်သေးများထည့်ထားလိမ့်မည်ပင်၊ ဒါမှသူ့လုပ်ရပ်များကိုပေါ်ထွက်သွားမှာကိုကာကွယ်နိုင်မှာဖြစ်သည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now