[၁၀၁] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။

3.8K 649 30
                                    

!unicode!

စဲ့ရှီးအာမှာအခုပဲမီးမွှေးကာ မျက်မှောင်ကြုတ်ထားသောမျက်နှာနှင့်ထူးဆန်းသောလှုပ်ရှားမှုတို့ဖြင့် ယုန်ကင်နေမိသည်။

အဆုံးတွင် သူဟာအရင်ဘဝကလူသားများကြားမှာအချိန်တစ်ခုစာနေထိုင်ခဲ့တာမို့ ဝံပုလွေလိုမျိုးသွေးမသောက်သင့်မှန်းသူသိခဲ့ရသည်။

ယုန်မှာအလွန်သန့်ရှင်းစွာဆေးကြောထားသဖြင့် သွေးနံ့မရှိပေမဲ့ စဲ့ရှီးအာတကယ်မကင်တတ်ပေ။ တစ်အောင့်ကြာသွားပြီးနောက် သူယုန်ကိုကင်လိုက်တာ တစ်ဝက်ကမည်းတူးသွားပြီး တစ်ဝက်ကစိမ်းနေသေးသဖြင့် သူချက်ချင်းစိတ်ဓာတ်ကျသွားတော့သည်။

သေချာတာပေါ့၊ သူ့မှာလူလိမ်လေးလိုမျိုးအစွမ်းအစမရှိပေ။

အရင်ဘဝကလူလိမ်လေးဟာသူ့အတွက်စားစရာကင်ပေးခဲ့ပြီး အလွန်အရသာရှိလှသည်။ ဒါပေမဲ့အခုကျတော့ လူတွေကသူ့ဆံပင်ကိုတောင်မဖြီးပေးချင်ပေ။

စဲ့ရှီးအာစိတ်အခြေအနေဆိုးဝါးနေလျက် ယုန်ကင်ရာတွင်ကျရှုံးပြီးနောက် သူကိုယ်သူအရှုံးပေးကာ ယုန်ထိုးထားသည့်တုတ်ချောင်းကိုပြန်ယူပြီး မကျက်တကျက်စားဖို့ပြင်လိုက်သည်။

ဒါပေမဲ့ယုန်သားကသူ့ပါးစပ်ထဲရောက်ခါနီးရုံသာရှိသေး ၊ တုတ်ချောင်းမှာရုတ်တရက်ကျောက်စိမ်းပမာသွယ်လျသောလက်ဖြင့်ဆုပ်ကိုင်ခြင်းခံလိုက်ရသည်။

စဲ့ရှီးအာတောင့်ခဲသွားရကာ အနောက်လှည့်ကြည့်မိတော့ လင်ခုံးလုကတုတ်ချောင်း၏အစွန်းကိုလက်တစ်ဖက်ဖြင့်ကိုင်ထားလျက် သူ့ကိုမျက်လုံးများကွေးညွတ်ကာကြည့်နေပြီး အပြုံးတစ်ပွင့်ဖြင့်ဆိုလာသည်။
"ယုန်ကိုဒီလိုမကင်ရဘူးလေ။"

ထိုသို့ပြောရင်း လင်ခုံးလုကဘာမှမဖြစ်ခဲ့သည့်အလား ယုန်ကိုဆွဲယူသွားကာပြန်ထိုးပြီးနောက် တူးသွားသည့်အပိုင်းကိုဓားဖြင့်သေချာဂရုတစိုက်လှီးထုတ်ပစ်လိုက်သည်။

စဲ့ရှီးအာမှာနှုတ်ဆိတ်လျက် ခုခံခြင်းမပြုဘဲ သူ့ကိုစားစရာယူသွားခွင့်ပေးလိုက်သည်။

လင်ခုံးလုကမကျက်သေးသည့်ယုန်သားအပိုင်းကိုမီးပေါ်မှာအမြန်ကင်လိုက်ပြီး ကင်နေစဥ်ပတ်ပတ်လည်လှည့်ပေးသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now