[၁၅၇] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။

3.8K 640 18
                                    

Arc(7) အကြင်နာမဲ့ရက်စက်သောရှစ်စွင်း (၂၉)။

"ရှစ်စွင်း။" ထိုစဥ်ရှဲ့ကျင်းဟုန်ကဖြည်းဖြည်းချင်းအနားတိုးလာကာ လင်ခုံးလု၏ခေါင်းကိုထီးနီဆောင်းပေးပြီး တစ်ချိန်တည်း၌တစ်ဖက်လူ၏လက်ကိုဆုပ်ကိုင်လိုက်သည်။

သူ့နှုတ်ခမ်းထက်အပြုံးတစ်ပွင့်ဖြင့်သူတည်ငြိမ်ပုံပေါ်ပေမဲ့ သူ့လက်ဖဝါးများမသိမသာချွေးပြန်နေပုံမှာ စိတ်လှုပ်ရှားနေသည့်အလား။

လင်ခုံးလုသူ့မျက်ဝန်းထဲကြည့်ပြီး အလိုလိုလက်ချောင်းထိပ်များကျုံ့လိုက်မိသည်။ ရှဲ့ကျင်းဟုန်သူ့လက်ကိုဆုပ်ကိုင်ပြီး သူ့လက်ချောင်းထိပ်များကိုသူ့မျက်နှာဘေးခြမ်းကိုအသာထိခိုင်းကာ နူးညံ့စွာပြောလိုက်သည်။
"ရှစ်စွင်းကဒီနေရာကိုထိကြည့်ချင်တာလား။"

"သူ့ကိုမထိနဲ့၊ သူကအယောင်ဆောင်ပဲ။ တပည့်မဟုတ်ဘူး၊ ရှစ်စွင်းတပည့်ကိုနေ့နေ့ညညထိလို့ရတယ်။"
ရှဲ့ကျင်းဟုန်ကသူ့ကိုနက်ရှိုင်းစွာစိုက်ကြည့်နေပြီး သူ့လေသံမှာမသိမသာတုန်ရီသွားလေသည်။

လင်ခုံးလုမျက်လွှာအသာချကာတွေးလိုက်မိသည်: အိုး၊ မင်းနောက်ဆုံးတော့လိုက်မှီလာပြီပဲ၊ ဒါပေမဲ့မင်းငယ်သားလောက်တော့မမြန်ဘူးနော်၊ ကျွတ်။

သူချက်ချင်းလက်ပြန်ရုတ်ပြီး မထူးခြားမခြားနားပြောလိုက်သည်။
"မင်းကဘယ်သူလဲ။ ကျင်းဟုန်ယောင်ဆောင်....မိစ္ဆာယောင်ဆောင်ရတဲ့ရည်ရွယ်ချက်ကဘာလဲ။"

ရှဲ့ကျင်းဟုန်တောင့်ခဲသွားရကာ တစ်အောင့်ကြာပြီးမှဖျစ်ညှစ်ပြုံးလိုက်သည်။
"ရှစ်စွင်း၊ ကျွန်တော်ကကျင်းဟုန်ပါ။"

ခေတ္တတန့်သွားပြီးမှသူထပ်ပြောလိုက်သည်။ "ရှစ်စွင်း၊ ကျွန်တော်မှားသွားပါတယ်။"

လင်ခုံးလုကတော့နှုတ်ဆိတ်လျက်သာ။

သစ်ပင်ပေါ်မှာတွဲလောင်းချိတ်နေသည့်ချန်းမျန့်: ......ဒီစကားကရင်းနှီးနေသလိုပဲ။

ရှဲ့ကျင်းဟုန်ကလင်ခုံးလု၏တုံ့ပြန်မှုကိုမစောင့်ဘဲ ချန်းမျန့်ကိုသစ်ပင်ပေါ်ကဆွဲချကာ သူ့ကိုအေးစက်စက်အကြည့်တစ်ချက်ပေးလိုက်ပြီးမှလင်ခုံးလုကိုရှင်းပြလိုက်သည်။
"သူကကျွန်တော့်ငယ်သားတွေထဲကတစ်ယောက်ပါ၊ သူကအယောင်ဆောင်တဲ့နေရာမှာတော်တယ်။ သူကဝူဝမ်မြို့တော်မှာမြို့တော်ဂိတ်ဝကိုစောင့်ကြပ်နေရမှာကို အကြောင်းတချို့ကြောင့်ကျွန်တော့်ယောင်ဆောင်ပြီးရှစ်စွင်းကိုလှည့်စားပြီးတော့ ရှစ်စွင်းကိုဇနီးလို့ပါခေါ်ခဲ့သေးတယ်။"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now