[၁၂၃] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။

3.4K 612 13
                                    

!unicode!

"မင်းပြောတဲ့ကိစ္စအတွက်သက်သေရှိလား။" မာရှယ်ချူးကအလွန်အမင်းအရုပ်ဆိုးသောမျက်နှာထားဖြင့်ထပ်​မေးလာသည်။

သူ့လေသံမှာမယုံကြည်ပုံပေါက်သော်ငြား သူရင်ထဲမှာအများစုကိုယုံကြည်နေပြီဖြစ်သည်။ အဆုံးမှာဒီကိစ္စကလွန်စွာအရေးကြီးပြီးဧကရာဇ်ပါပါဝင်နေသဖြင့် မည်သူကမှဒီလိုပြက်လုံးမျိုးကိုသာမန်ကာလျှံကာလုပ်ရဲလိမ့်မည်မဟုတ်။

ထိုစကားကိုကြားသော်လင်ခုံးလုခေါင်းခါပြမိသည်၊ သက်သေမရှိသောကြောင့် သူအဖြစ်မှန်ကိုပထမဆုံးသိလိုက်ရစဥ်ကအခြေအနေကိုတင်ပြနိုင်စွမ်းမရှိခဲ့ပေ။ ပြောရရင် ရွှယ်ဝမ်ကတော်ဝင်မြို့တော်မှာဆယ်နှစ်ကြာအောင်နေခဲ့သဖြင့် သူမမှာမြင့်မားသောဉာဏ်ရည်ကွန်ရက်ရှိပေလိမ့်မည်။ လုံခြုံရေးဌာနထဲမှာသူမလူမရှိဘူးလို့ဘယ်သူသိနိုင်မှာလဲ။

ဥပမာဆိုရသော် ဒီတစ်ခေါက်သူနှင့်စဲ့ရှီးအာတိုက်ခိုက်ခံရတုန်းက ထိုသန္ဓေပြောင်းကောင်များကဘယ်လိုလုပ်စောင့်ကြည့်ကင်မရာကိုကျော်ဖြတ်ပြီးရုတ်တရက်ပေါ်လာတာလဲ။

လင်ခုံးလုသူ၏စမ်းစစ်ချက်အကြောင်းအမှန်တရားကိုပြောပြလိုက်သည်။

မာရှယ်ချူးမျက်မှောင်ကြုတ်ကာတွေးမိသည်။ ဒီဖြစ်ရပ်ကတော်ဝင်မြို့တော်မှာလုံခြံရေးဟာပေါက်ရှိနေမှန်းဖော်ပြနေပြီး တချို့ဌာနများပါပါလောက်သည်။ ဒါပေမဲ့....

"အမှန်တော့ ဒီကိစ္စကိုအတည်ပြုဖို့ကအရမ်းရိုးရှင်းပါတယ်။ ရွှယ်ဝမ်ကိုတိုက်ရိုက်စစ်ဆေးပြီး သူမကိုယ်ကိုစစ်ဆေးဖို့နည်းလမ်းရှာရမယ်။ ဒါပေမဲ့ဒီလိုလုပ်တာကမြွေကို​ခြောက်လွှတ်ဖို့လွယ်တယ်။ သူမလွတ်သွားတာနဲ့ အနောက်မှာကျန်ခဲ့တဲ့အဆင့်မြင့်ပူးကပ်ခန္ဓာကိုယ်ကဆက်ပုန်းနိုင်သွားလိမ့်မယ်။"
လင်ခုံးလုဆက်ပြောလိုက်သည်။

သာမန်ကပ်ပါးများနှင့်မတူဘဲ ကြိုတင်ပူးကပ်ထားသည့်ပိုး​တုံးလုံးမှာယေဘုယျအားဖြင့်ခန္ဓာကိုယ်အပြင်ဖောက်မထွက်ကြပေ။ ထိုပူးကပ်ခံရသည့်ခန္ဓာကိုယ်များမှာနိုးထလာသောပိုးတုံးလုံ၏အတွင်းမှအပြင်သို့ဖြည်းညှင်းစွာလှိုက်စားခံရသည်။ အဆုံးမှာတော့ပိုးတုံးလုံးများကသူတို့၏သရုပ်ကိုယူကာ "ရွှယ်ဝမ်"နောက်တစ်ယောက်ဖြစ်လာသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now