[၁၇၇] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။

2.5K 529 17
                                    

Arc(8) တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ-(၂၀)။

ရှယွိချန်ကဒီလောက်မြန်မြန်ကြီးလက်ခံလိုက်လိမ့်မည်ဟုလင်ခုံးလုမထင်ထားမိပေ။ တစ်ဖက်လူ၏စကားများကိုနားထောင်ပြီးနောက် အဓိပ္ပါယ်ရှိသည်ဟုအမှန်တကယ်ခံစားလိုက်ရသဖြင့် ခေါင်းအသာငြိမ့်ပြလိုက်မိသည်။

ဖုကျင်စစ်၏စိတ်မှာရုတ်ခြည်းသတိပေးချက်မြည်လာခဲ့သည်။ ရှယွိချန်ကလည်းသူပဲ၊ လက်မထပ်ခင်ကတည်ရှိခဲ့တဲ့စိတ်ခွဲဖြစ်နေတယ်။ နောက်ပိုင်းမှာသူခွဲထုတ်ခံလိုက်ရပေမဲ့ အခုဆိုသူသေသွားပြီ၊ ရှယွိချန်ကအသက်ရှင်နေတုန်းပဲ၊ သူ့မှာခန္ဓာကိုယ်မရှိဘူး၊ ရှယွိချန်မှာတော့ရှိနေတုန်းပဲ၊ သူကအခုဆိုမတည်ရှိသင့်တဲ့တစ္ဆေတစ်ကောင်ဖြစ်နေပေမဲ့ ရှယွိချန်ကတော့....

အခြေအ​နေကလေးနက်နေပြီ။

ပထမဆုံးအကြိမ်အနေနှင့်သူသေဖို့ကံကြမ္မာဖန်လာတုန်းကအချိန်ထက်ပိုသန်မာသည့်သေရေးရှင်ရေးအခိုက်ပတန့်ကိုခံစားလိုက်ရသည်။

သို့သော်လည်းလင်ခုံးလုခေါင်းငြိမ့်ပြတော့ ရှယွိချန်မျက်ဝန်းထဲမှာအပြုံးတစ်ပွင့်ပေါ်လာသည်။ သူလင်ခုံးလု၏ထိုင်ခုံနားမှီကပ်ကာညင်သာသောအသံဖြင့်ပြောလိုက်မိသည်။ "ရှောင်လု...."

"တော်လိုက်တော့။"
ဖုကျင်စစ်ရုတ်ခြည်းဖြတ်​ပြောလိုက်ပြီးမှတန့်သွားကာပြောလိုက်သည်။
"ကားမောင်းနေတုန်းသူ့ကိုသွားမနှောင့်ယှက်နဲ့လေ။"

ရှယွိချန်: "....."

သူခေါင်းလှည့်ကာသူ၏အခြားတစ်ပိုင်းကိုကြည့်လိုက်ပြီး ခဏကြာမှလှောင်ပြုံးပြုံးလိုက်သည်။
"မင်းငါ့ကိုအမိန့်ပေးနေတာလား။"

"ကြင်နာတဲ့အသိပေးချက်လို့ပြောသင့်တာ။" ဖုကျင်စစ်ကအေးစက်နေပုံမှာ သူ့ကိုအဖက်လုပ်ရန်တအားပျင်းနေသည့်အလား။

ရှယွိချန်ခပ်ဖွဖွရယ်မောကာအကြည့်လွှဲပြီးအသံတိတ်ပြောလိုက်သည်။
"ငါကရှောင်လုကိုပြောနေတဲ့ဟာကို မင်းငါ့ကိုအသိပေးဖို့လိုလို့လား။"

ရှေ့ယာဥ်မောင်းထိုင်ခုံမှာထိုင်ရင်းကားမောင်းနေသည့်လင်ခုံးလုမှာဒီစကားလုံးက....နည်းနည်းပါဝါပြနေပုံပေါက်နေသည်ဟုခံစားလိုက်ရသည်။ ထင်​ယောင်ထင်မှားဖြစ်တာပဲနေမှာပါ။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now