[၁၆၇] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။

2.7K 583 16
                                    

Arc(8) တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ-(၁၀)။

လင်ခုံးလုမှာအလွန်ပြင်းထန်စွာအနမ်းခံနေရသဖြင့် အသက်ရှူမရတော့ပေ။ သူ့မျက်ဝန်းထောင့်စွန်းများမှာငိုနေသည့်အလားနီစွေးလို့နေပေမဲ့ သူ့စိတ်ထဲမှာရှော့ခ်ရလို့နေသည်။ သူကြောင်အမ်းကာဟင်းလင်ပြင်ကိုစိုက်ကြည့်နေမိကာ ခုခံရန်မေ့သွားလေသည်။

သို့သော်ရှယွိချန်၏မျက်လုံးထဲမှာ ဒါကတိတ်တဆိတ်ခုခံမှု၊ စက်ဆုပ်ရွံရှာမှုနှင့်စိတ်ပျက်အားငယ်မှုတို့ဖြစ်နေသယောင်..... သူ့ချစ်ရသူကသူ့ကိုကြည့်ပင်မကြည့်ချင်တော့။ သူ့ကိုပိုမိုတင်းကြပ်စွာဆုပ်ကိုင်ပွေ့ဖက်ကာ ခပ်ပြင်းပြင်းနမ်းရှိုက်မိသည်။

ဒါပေမဲ့သူ့ကိုပိုမိုတင်းကြပ်စွာဆုပ်ကိုင်လေလေ သူ့ကိုခပ်ပြင်းပြင်းနမ်းရှိုက်မိလေလေ ပိုမိုဝေးကွာသွားသည်ဟုခံစားလိုက်ရသည်။

ဒါဘာဖြစ်တာလဲ။ သူ့ကိုဆန္ဒရှိသလိုလှုံ့ဆော်လိုက်စွန့်ပစ်လိုက်လုပ်ရအောင် သူကလူသားတစ်ယောက်မဟုတ်လို့လား၊ သူ့မှာခံစားချက်မရှိလို့လား။

ရှယွိချန်မျက်စိမှိတ်လိုက်မိပြီးသူ့ကိုမကြည့်တော့ဘဲသူ့စကားကိုနားမထောင်တော့ပေ။ ဒေါသပုံချနေသည့်ပမာ အနမ်းမှာပိုမိုနက်ရှိုင်းလာပေမဲ့ လင်ခုံးလုမျက်နှာပေါ်ကိုမျက်ရည်ပူများကျဆင်းလာသည်။

လင်ခုံးလု၏လက်ချောင်းထိပ်များမသိမသာတုန်ရီသွားကာ သူဆုပ်ကိုင်ထားမိသည့်ဆံပင်ကိုနောက်ဆုံးမှာလွှတ်ပေးလိုက်မိသည်။ သူ့လက်ချောင်းများကစမ်းတဝါးဝါးဖြင့် သူ့မျက်ဝန်းထောင့်ကိုလှမ်းထိလိုက်ပြီးမှ သူ့လျှာဖျားထုံကျင်လာသောကြောင့် သူခပ်ဖွဖွညည်းလိုက်မိသည်။

ရှယွိချန်၏ခန္ဓာကိုယ်မသိမသာတုန်ရီသွားကာ နောက်ဆုံးမှာဖြည်းဖြည်းချင်းအနောက်ဆုတ်လိုက်ပြီး သူ့လက်ကသူ့နောက်စေ့ကိုဆုပ်ကိုင်ထားလျက် သူ့လက်ချောင်းထိပ်များကနူးညံ့ညံ့ဆံပင်ကိုပွတ်သပ်လို့နေသည်။

လင်ခုံးလုမှာသောင်တင်နေသည့်ငါးတစ်ကောင်ပမာ ခပ်မြန်မြန်အသက်ရှုလိုက်မိပြီးမှ သူ့မျက်လုံးများကိုအာရုံပြန်စိုက်လိုက်သည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now