[၁၄၈] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။

3.3K 576 27
                                    

Arc(7) အကြင်နာမဲ့ရက်စက်သောရှစ်စွင်း (၂၀)။

ပုံရိပ်ထဲကဒီမြင်ကွင်းကိုမြင်လိုက်ရသော် မျက်မှောက်ရှိလူတိုင်းအံ့အားသင့်သွားကြသည်။

"ဒါက....အစ်ကိုကြီးထျန်းခန်ဇစ်?"
ထိုက်ချင်းဂိုဏ်း၏ဂိုဏ်းချုပ်မှာမယုံကြည်နိုင်ဖြစ်မိသောမျက်နှာထားဖြင့်အလိုလိုပြောမိသည်။

ပုံရိပ်မှာဆက်သွားနေဆဲပင်။ ထျန်းခန်ဇစ်မှာဒဏ်ရာရသွားပုံပင်။ ဓားချက်ကိုရရှိပြီးနောက် သူကဒေါသတကြီးအနောက်လှည့်လိုက်သည်။
"မင်းဒီမှာပုန်းနေတာကြာပြီပေါ့? ယုတ်မာကောက်ကျစ်တဲ့ကောင်...."

ထိုစဥ်မျက်နှာပြင်ကလှည့်သွားကာ လျိုရှီးယွီ၏ပုံရိပ်ပေါ်လာပြီး သူကဝတ်ရုံစိမ်းဝတ်ထားလျက်သူ့ဓား၏ဓားရိုးကိုဆုပ်ကိုင်ထားကာပြုံးရင်းဆိုလာသည်။
"ပြောရရင် ဂိုဏ်းချုပ်ကကောဘယ်လောက်ကောင်းနေလို့လဲ၊  ကျုပ်ကတော့ခင်ဗျားလှည့်စားတာခံရပြီးခင်ဗျားကိုလေးစားကြည်ညို​နေတဲ့ကျုပ်ရဲ့ရှစ်တိလေးကိုသနားမိတယ်။"

ထိုစကားများထွက်လာသည်နှင့် လူတိုင်းမှာလင်ခုံးလုကိုအလိုလိုကြည့်မိကြသည်။

လင်ခုံးလု: "?" ငါ့ကိုဘာလို့ကြည့်နေကြတာတုန်း? ငါမဟုတ်ဘူး၊ ငါမသိဘူးနော်။

သူကဇာတ်ကြောင်း၏လိုအပ်ချက်အရထျန်းခန်ဇစ်ကိုလေးစားကြည်ညိုခဲ့ခြင်းပင်။ အမှန်တော့သူပထမဆုံးအကြိမ်ကူးပြောင်းဝင်ရောက်လာတုန်းက သူအာရုံစိုက်ဆက်ဆံနိုင်သည့်တစ်ယောက်မှာဇာတ်လိုက်သာဖြစ်သည်။ အဆုံးမှာတော့တစ်ဖက်လူကမစ်ရှင်၏ပစ်မှတ်ဖြစ်နေသည်ပင်။

သူထိုသို့တွေးလိုက်ပေမဲ့ အပြင်ပန်းမှာတော့သူလက်သီးဆုပ်ကာသူ့မျက်နှာအရုပ်ဆိုးသွားလေသည်။

ပုံရိပ်ကိုမြင်တော့ရှဲ့ကျင်းဟုန်ကရင်ထဲမှာလှောင်ပြုံးပြုံးကာတွေးမိသည်: သေချာတာပေါ့၊ ဒီလူနှစ်ယောက်ကလူကောင်းမဟုတ်ဘူး။ ရှစ်စွင်းသူတို့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့တာရှက်....

နေပါအုံး၊ သူဘာလို့'သေချာတာပေါ့'လို့ပြောလိုက်မိတာလဲ။

ရှဲ့ကျင်းဟုန်မသိမသာမျက်မှောင်ကြုတ်မိပြီး အိပ်မက်နှင့်လက်တွေ့၏မှတ်ဉာဏ်​ပေါင်းဆုံသွားကာ သူ့ခေါင်းရုတ်တရက်အနည်းငယ်နာကျင်လာသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now