[၁၇၅] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။

2.4K 496 6
                                    

Arc(8) တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ-(၁၈)။

"လူကြီးမင်း၊ လူကြီးမင်းရဲ့အိမ်မှာမသန့်ရှင်းတဲ့အရာတွေရှိတယ်။" ဘုန်းတော်အိုကြီးကရုတ်တရက်လေးနက်စွာဆိုလာသည်။

ဒါကိုကြားသော်လင်ခုံးလုမသိမသာအံ့သြသွားရစဥ် ရှယွိချန်ကတော့မျက်မှောင်အသာကြုတ်ကာတွေးလိုက်မိသည်: လူလိမ်လေးထွက်သွားတော့လူလိမ်ကြီးရောက်လာတာများလား။

ဘုန်းတော်ကြီးနှင့်အတူအထဲဝင်လာသည့်အိမ်တော်ထိန်းမှာဒါကိုကြားသွားပြီး ဧည့်ခန်းကိုခပ်မြန်မြန်ဝေ့ဝဲကြည့်မိကာတွေးလိုက်မိသည်: ဒါတွေအကုန်လုံးကအရမ်းသန့်ရှင်းနေတာမဟုတ်လား။

ဘုန်းတော်ကြီးနောက်လိုက်လာသည့်ကိုရင်လေးတစ်ယောက်သာပြောလာသည်။
"ဟုတ် ဟုတ်တယ် ရှစ်ဖု၊ ဒီအိမ်ထဲမှာတစ္ဆေရှိတယ်။"

"တစ္ဆေ"ဆိုသည့်စကားလုံးကိုကြားသော် အိမ်တော်ထိန်းမှာဒီလူအိုကြီးနှင့်လူငယ်လေးကလူလိမ်များဖြစ်သည်ဟုခံစားလိုက်ရပြီး မနေနိုင်ဘဲမျက်မှောင်ကြုတ်မိသည်: ယွိဝမ်စန်းကဒီလိုလူတွေကိုဘာလို့ဒီကိုပို့လိုက်တာပါလိမ့်?

သို့သော်ဘုန်းတော်ကြီးကဧည့်ခန်းကိုဝေ့ဝဲကြည့်လိုက်ပြီး သူ့မျက်လုံးများကခပ်မြန်မြန်ပင်ဧည့်ခန်းအလယ်ရှိဓာတ်ပုံပေါ်ကျရောက်သွားသည်။

လင်ခုံးလု၏နှလုံးရုတ်ခြည်းဆောင့်ခုန်သွားရသည်။ ဖုကျင်စစ်၏အရိုးပြာများကိုဓာတ်ပုံအောက်ကဗီရိုထဲမှာထားထားခြင်းပင်။

ဟုတ်တယ်၊ သချိုင်းမှာမြုပ်နှံထားသည့်အရိုးပြာအိုးမှာအတုဖြစ်သည်။ သူဒီလိုအရေးကြီးတဲ့အရာကိုဘယ်လိုလုပ်ပြီးတကယ်မြှုပ်လိုက်နိုင်မှာလဲ။ ထို့အပြင်ဖုဝေရှန်ကထိုအုတ်ဂူကိုရွေးပေးခဲ့ခြင်းပင်။ တစ်ဖက်လူကအုတ်ဂူကိုတစ်ခုခုလုပ်ထားရင်ဘယ်လိုလုပ်မတုန်း၊ ဥပမာဖုကျင်စစ်ကိုချုပ်နှောင်ဖို့ရောင်ခြည်အလင်းတန်းတစ်ခုခုဖန်တီးထားတာမျိုးပေါ့။

သူအမှန်ကိုသိမြင်နိုင်ခဲ့သည်ဟုပြောလို့ရသည်။ အရင်ဘဝမှာဖုဝေရှန်ကထိိုသို့လုပ်ခဲ့သည်။ ဒီဘဝမှာတောင်အုတ်ဂူကိုတစ်ခုခုလုပ်ထားခဲ့သည်။ အရိုးပြာများကိုသာအထဲမှာမြှုပ်နှံထားခဲ့လို့ရှိရင် ဖုကျင်စစ်အခုလိုမျိုးနေနိုင်မှာမဟုတ်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now