[၁၂၀] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။

3.6K 655 27
                                    

!unicode!

လော့ယွီချန်အသိပေးလာမှ လော့တင်းတစ်ယောက်ထိုညတော်ဝင်စားသောက်ပွဲတော်မှာ ဧကရာဇ်၏အကြီးဆုံးသားတော်နှင့်ဧကရီအန်းယာကသူ၏စျေးပေါသောသားကြီးကိုအထူးတလည်ဆက်ဆံပုံရတာကိုသတိရသွားသည်။

"မင်းအစ်ကိုနဲ့တော်ဝင်မိသားစုကဘယ်လိုပတ်သတ်နေလို့လဲ။"
သူမျက်မှောင်ကြုတ်ကာမေးမိသည်။

"ဘယ်လိုပတ်သတ်ရမှာလဲ။ သူကဧကရာဇ်ရဲ့အကြီးဆုံးသားတော်နဲ့တွဲနေတာလေ။"

လော့ယွီချန်နှုတ်ခမ်းကွေးကာ နားမလည်နိုင်ဖြစ်စွာပြောမိသည်။
"သူကသန္ဓေပြောင်းပိုးကောင်ဆီကကူးစက်ခံခဲ့ရပေမဲ့ အခုတော့ကောင်းသွားပြီလေ။ ဧကရာဇ်ရဲ့အကြီးဆုံးသားတော်ကသူ့ကိုကုပေးလိုက်တာဖြစ်မယ်။ ဒါပေမဲ့ဧကရာဇ်ရဲ့အကြီးဆုံးသားတော်နဲ့ဧကရီအန်းယာကလဲတကယ်ထူးဆန်းတယ်၊ သူကကူးစက်မှုကိုကုသဖို့တမင်ချဥ်းကပ်လာမှန်းသိရက်နဲ့ သူတို့ကကူညီနေကြတုန်းပဲ။"

"ဧကရာဇ်ရဲ့အကြီးဆုံးသားတော်ကသူ့ကိုကုသဖို့ကူညီပေးတယ်?" လော့တင်းထပ်မေးလိုက်သည်။

လော့ယွီချန်: "ဟုတ်တယ်၊ ဧကရာဇ်ရဲ့အကြီးဆုံးသားတော်ကSအဆင့်ဆင့်ကဲတိုးတက်လာသူပဲ။"

လော့တင်းသူပြောတာနားထောင်ပြီးနောက် အတွေးများသွားသည်။ ဧကရီအန်းယာကလင်ခုံးလုကိုကယ်ဖို့သူမသားအရင်းကိုသွေးထုတ်ပေးအောင်လုပ်နိုင်တယ်ဆိုတော့ တစ်ဖက်လူတရားဝင်စာဖိုင်ရသွားအောင်လည်းမလုပ်ပေးနိုင်ဘူးလား။ မဖြစ်နိုင်ဘူး၊ ကြည့်ရတာတော့လင်ချင်းကျားမနိုးလာတဲ့ပုံ။

ဒါပေမဲ့လော့တင်းစိတ်ပူနေတုန်းပင်မို့ ထောင့်ချိုးတစ်ခုကိုသွားကာလော့ယွီချန်၏အမေရွှယ်ဝမ်ကိုဖုန်းခေါ်ပြီး ခပ်တိုးတိုးမေးလိုက်သည်။
"အားဝမ်၊ လင်ချင်းကျားမနိုးလာတာသေချာလား။"

"အင်းလေ၊ ဘာလို့ဒါကိုဗြုန်းစားကြီးလာမေးတာလဲ။" ဖုန်း၏အခြားတစ်ဖက်ရှိရွှယ်ဝမ်ကနူးညံ့စွာမေးလာသည်။

"အဟမ်း၊ ဘာမှမဖြစ်ပါဘူး။ ကိုယ်ဒီတိုင်းနည်းနည်းစိတ်ပူသွားတာ။"
လော့တင်းခပ်တိုးတိုးဆိုလိုက်သည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now