[၃၁] ဘုရင်ခံမင်းသား။

7.8K 1.1K 68
                                    

!unicode!

သူ့အမိန့်အောက်ရှိတပ်သားများမှာ အမှောင်ထဲတွင်ပုန်းပြီးမြှားပစ်လာခဲ့သည့်ထိုလူ့ကိုပစ််သတ်လိုက်ကြပေမဲ့ ကျောက်ကျင်းစစ်မှာသွားမစစ်ဆေးအားပေ။

သူကဧကရာဇ်ငယ်လေးကိုကောက်ချီကာ ဝေါယာဥ်ဆီခပ်သွက်သွက်လျှောက်သွားပြီး စိုးရိမ်ပူပင်နေသည့်စွင်းတဲ့ချန်ကိုအေးစက်စက်မျက်နှာဖြင့်ပြောလိုက်သည်။
"နန်းတွင်းသမားတော်မခေါ်သေးဘူးလား။"

ဧကရာဇ်ငယ်လေးသတိလစ်သွားတာကိုမြင်လိုက်ရရင်း စွင်းတဲ့ချန်မှာစိုးရိမ်လွန်းလို့တစ်အောင့်ကြာသတိလွတ်သွားသည်။ သတိပြန်ဝင်လာပြီးနောက်
သူအနောက်လှည့်ကာ အော်ပြောလိုက်သည်။
"သမားတော်ကျန်း  ဘာလို့အဲ့မှာပတ်တီးစီးပေးနေသေးတာလဲ။ မြန်မြန်လာခဲ့!"

သမားတော်ကျန်းမှာဆေးသေတ္တာကိုကောက်မကာ ပြေးလာပေမဲ့ သူဟာအသက်ကြီးပြီမို့ သူ့ခြေထောက်များမှာသိပ်မကောင်းပေရာ ထော့နဲ့ထော့နဲ့ဖြစ်နေပေသည်။

ကျောက်ကျင်းစစ်တစ်ယောက်ယောက်ကိုသူ့ကိုသယ်လာဖို့တိုက်ရိုက်အမိန့်ပေးကာ တည်တင်းသောမျက်နှာဖြင့်ပြောလိုက်သည်။
"အရှင်မင်းကြီးကိုတစ်ချက်ကြည့်ပေး။"

သမားတော်ကျန်းကဧကရာဇ်ငယ်လေး၏သွေးကြောကိုစမ်းကြည့်နေပြီး တစ်အောင့်ကြာပြီးနောက် သူရုတ်တရက်လေးနက်သွားပုံရကာ ဟင်းခနဲလုပ်လိုက်မိသည်။

ဒါကိုမြင်လိုက်ရသော် စွင်းတဲ့ချန်ချက်ချင်းစိုးရိမ်စွာမေးမိသည်။
"ဘာဖြစ်လို့လဲ။ အရှင်မင်းကြီးတစ်ခုခုဖြစ်လို့လား။"

ကျောက်ကျင်းစစ်၏မျက်နှာထားမှာလည်းသိသိသာသာကိုတင်းမာလို့နေပြီး ဧကရာဇ်ငယ်လေးကိုဆုပ်ကိုင်ထားသည့်လက်မောင်းမှာအလိုလိုအနည်းငယ်တင်းကြပ်သွားရော့သည်။

သမားတော်ကျန်းကတစ်အောင့်ကြာသေချာကြည့်လိုက်ပေမဲ့ ခေါင်းခါကာပြောလိုက်သည်။
"ဘာမှမဖြစ်ပါဘူး၊ ကျုပ်အမှားလုပ်မိတာဖြစ်မယ်။"

သူခုနကသွေးကြောစမ်းလိုက်တုန်းက အရှင်မင်းကြီး၏ကိုယ်ထဲမှာအသက်တစ်ခုရှိပုံရသည်ဟုခပ်ဖျော့ဖျော့ခံစားမိလိုက်ပေမဲ့ ဒါဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ။ အရှင်မင်းကြီးကမိန်းမတစ်​ယောက်မဟုတ်တာမို့ သူဟာကိုယ်ဝန်မရှိနိုင်။ ကံကောင်းစွာဖြင့် သူသေချာထပ်စစ်ဆေးကြည့်လိုက်တော့ အရာရာတိုင်းကပုံမှန်ပြန်ဖြစ်သွားလေပြီ။ သူစိတ်ထွေပြားပြီး အမှားလုပ်မိတာဖြစ်မယ်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now