[၁၇၈] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။

2.8K 538 8
                                    

Arc(8) တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ-(၂၁)။

နတ်ဘုရားများကြားမှာအလုပ်ရရန်တအတွက်ပြိုင်ဆိုင်မှုများစွာရှိပေသည်။ လင်ခုံးလု၏နှဖူးသွေးကြောများမသိမသာတွန့်သွားရကာမေးလိုက်မိသည်။
"မင်းမှာ....ဘာမှလုပ်စရာမရှိဘူးလား။"

ဒါကိုကြားတော့ဖုကျင်စစ်ကမည်းမှောင်သွားပုံရကာမျက်လွှာချပြီးပြောလာသည်။
"ကိုယ့်ကိုအလုပ်မခန့်ကြဘူးလေ။ ကိုယ်ကတစ္ဆေဆိုတော့အလုပ်မရှိဘူး။ ဟိုဟိုဒီဒီမျောလွင့်ပြီးဘာမှမလုပ်တာကလွဲရင် ကိုယ်အိမ်ပြန်ပြီးကိုယ့်ဇနီးကိုမှီခိုအားကိုးရုံပဲတတ်နိုင်တယ်ရော်။"

လင်ခုံးလုနင်သွားရကာ သူ့လက်ထဲမှခွက်နှင့်သွားတိုက်တံကိုလှမ်းယူပြီး စိတ်ဖိစီးစွာပြောလိုက်ရသည်။
"ငါသွားတိုက်လိုက်အုံးမယ်။ အပြင်ထွက်ပြီးလုပ်စရာရှိတာသွားလုပ်နေ၊ ဒီမှာသနားစရာကောင်းအောင်လာလုပ်မနေနဲ့။"

မထင်မှတ်ထားစွာဖြင့်ဖုကျင်စစ်ကမထွက်သွားရုံတင်သာမက ရှေ့တစ်လှမ်းပါတိုးလာပြီး သူ၏နူးညံ့သောနားသန်သီးကိုကိုက်ကာ တဝိုးတဝါးအသံဖြင့်ပြောလာသည်။
"ဒါဆိုကိုယ်မင်းဒီနေ့ဝတ်မဲ့အဝတ်အစားတွေကိုသွားပြင်ပေးပါရစေ။"

လင်ခုံးလု: "......"

ရုတ်တရက် ဖုကျင်စစ်ကတစ်ညအတွင်းမှာစရိုက်ပြောင်းပြီးအလိုလိုက်ချင်တဲ့အမျိုးသားအဖြစ်ပြောင်းသွားပုံရသည်ဟုသူခံစားလိုက်ရသည်။ ဒီဟာကစိတ်ဖောက်သွားတာလား။

သူပင့်သက်ရှိုက်လိုက်မိပြီး ခေါင်းငုံ့ကာသွားတိုက်လိုက်ပြီး ဒီလူ့ကိုလျစ်လျူရှူထားလိုက်သည်။

မျက်နှာသစ်သွားတိုက်၊ အဝတ်စားလဲပြီးနောက် သူအောက်ထပ်ဆင်းပြီးစားသောက်ဆိုင်ကိုသွားလိုက်သည်။

ဖုကျင်ယန်ကကျောင်းသွားခါနီး စားပွဲမှာထိုင်ကာထမင်းစားနေသည်။ သူကသူရောက်လာတာမြင်တော့ သူချက်ချင်းခေါင်းမော့လာပြီး သူ့မျက်လုံးများမှာတောက်ပလျက်ဂုဏ်ယူစွာပြောလိုက်သည်။
"မရီး၊ မရီးတအားနောက်ကျတယ်နော်၊ သားကစောစောထတယ်။"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now