[၁၀၈] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။

3.8K 718 14
                                    

!unicode!

စဲ့ရှီးအာဒီတစ်ခေါက်တော့နားလည်သွားပြီး သူ့မျက်လုံးမှာမနေနိုင်ဘဲစိတ်ပျက်မှုတစ်ချက်ဖြတ်ပြေးသွားချေသည်။

လူလိမ်လေးကအမမဟုတ်ဘူး၊ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူကဒီလောက်ကြည့်ကောင်းတဲ့ဟာကို။

သူလမ်းပျောက်သွားတာကိုမြင်တော့ လင်ခုံးလုတစ်စက္ကန့်မျှကြောင်အမ်းသွားရကာ ချက်ချင်းကောက်ကျစ်စွာခြိမ်းခြောက်လိုက်သည်။
"မင်းမျက်လုံးတွေကဘာဖြစ်နေတာတုန်း? မင်းဘာကိုနောင်တရနေတာလဲ။"

စဲ့ရှီးအာခေါင်းအမြန်ခါလိုက်ပေမဲ့ တန့်သွားပြီးမှ သူ့နားတိုးကပ်လာပြန်ကာတီးတိုးဆိုလာသည်။
"ဒါပေမဲ့ကိုယ်မင်းနဲ့ကလေးတွေလိုချင်တယ်လေ။"

လင်ခုံးလုရုတ်ခြည်းမည်းမှောင်သွားကာ သူ့မျက်နှာထားမှာလည်းရှက်သွေးဖြာသွားသည်။ သူဟိုဟိုဒီဒီဝေ့ဝဲကြည့်လိုက်တော့ ဝံပုလွေတစ်ကောင်မှအာရုံစိုက်မနေတာကိုမြင်လိုက်ရသဖြင့် အသံတိုးကာအသိပေးလိုက်သည်။
"ဒါကအပြင်မှာလေကွာ။"

စဲ့ရှီးအာဒီဟာကဘာဆိုင်မှန်းနားမလည်ပေမဲ့ သူအသိပေးတာကိုမြင်လိုက်ရတော့ တစ်အောင့်ကြာတွေးကာပြောလိုက်သည်။
"ဒါဆိုဂူထဲသွားကြမယ်လေ။"

လင်ခုံးလု: "....." မင်းကဖြူစင်တဲ့လူငယ်လေးပါ၊ ဘာလို့ရုတ်တရက်ကြီးဒီလောက်ပြင်းထန်လာတာတုန်း?

"မရဘူး။" သူခေါင်းခါကာငြင်းလိုက်သည်။

"အိုး။" စဲ့ရှီးအာ၏လေသံမှာပျောက်ရှသွားကာ သူသည်းညည်းခံလိုက်ပေမဲ့ သူမအောင့်အီးနိုင်တော့ဘဲ သူ့လက်သန်းလေးဖြင့်ချိတ်မိပြန်ကာ သူ့မျက်လုံးများကခွေးကြီးပမာ မျှော်လင့်တကြီးဆိုမိသည်။
"ဒါပေမဲ့ကိုယ်လိုချင်တယ်လေ။"

လင်ခုံးလု၏ပါးစပ်ထောင့်မသိမသာတွန့်သွားကာ မထင်မှတ်ထားစွာဖြင့် သူတို့အတူရှိသွားသည်နှင့် သူဟာအရင်ဘဝကလိုမျိုးတွယ်ကပ်လာသည်ပင်။

တွယ်ကပ်ခံရတာကအနည်းငယ်ချိုမြိန်လှပြီး လင်ခုံးလုမလှုပ်ရှားဘဲ သူ့ခေါင်းကိုခါလိုက်သည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now