[၁၇၆] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။

2.6K 538 14
                                    

Arc(8) တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ-(၁၉)။

လင်ခုံးလုသူ့အနီးတဝိုက်ကအအေးဓာတ်ပျောက်ကွယ်သွားတာကိုသတိထားမိလိုက်တော့ ဖုကျင်စစ်တစ်​ယောက်ဘေးခန်းကိုသွားလိုက်ပြီမှန်းသိလိုက်သည်။ သူမနေနိုင်ဘဲမျက်လွှာချလိုက်မိပြီး အခန်းထဲကအခြေအ​နေကိုစနစ်ကိုတိုက်ရိုက်ထုတ်လွှင့်ခိုင်းလိုက်သည်။

အမှန်တော့သူရှယွိချန်ကိုစိတ်ပူရုံတင်သာမကဘဲ ဒေါက်တာအိုက်ပေါ်ကဖုကျင်စစ်၏စိတ်ပိုင်းဆိုင်ရာပြဿနာကိုကူညီကုသပေးစဥ်တုန်းက ဖုကျင်စစ်လက်ထပ်ပြီးပြီဆိုသည့်ဖြစ်နိုင်ချေကိုပါအလောင်းအစားလုပ်လိုက်ခြင်းပင်။ တစ်ဖက်လူကဖုကျင်စစ်နှင့်သူ၏ဆက်ဆံရေးကိုရှင်းလင်းစွာသိနေပါရက်နှင့် သူခုနကတံခါးကိုရောက်လာချိန်မှာ သူ့အတွက်တံခါးဖွင့်ပေးခဲ့သည်။ ဖြစ်နိုင်တာကရှယွိချန်နှင့်ပြက်လုံးက....ဒေါက်တာကလည်းရှယွိချန်နှင့်ဖုကျင်စစ်ကလူတစ်ယောက်ထဲမှန်းသိနေလို့ သူတို့ကိုစမ်းသပ်နေတာလား။

ရှယွိချန်မှတ်ဉာဏ်ပြန်ရလာပြီး သူနှင့်အတူထပ်ရှိနေတာလားဆိုတာကိုစမ်းသပ်နေတာလား။

ဒီလိုသာဆိုရင်ရှယွိချန်နှင့်ဖုကျင်စစ်တို့ကွဲထွက်သွားပြီးမှတ်ဉာဏ်ပျောက်သွားတဲ့ကိစ္စက ဒေါက်တာအန်ဘာတစ်ယောက်ဆေးကုသမှုကိုတစ်ခုခုလုပ်လိုက်တာဖြစ်ဖို့များသည်။ သူပြည်ပမှာရှိနေတုန်းက စိတ်ပိုင်းဆိုင်ရာကုသမှုအတွက်ဒေါက်တာအန်ဘာကိုအနည်းဆုံးတစ်လတစ်ကြိမ်သွားတွေ့ရသည်ဟုရှယွိချန်ပြောပြခဲ့ဖူးသည်။ သူသာနှောင့်နှေးသွားတာမျိုးမေ့သွားခဲ့တာမျိုးရှိခဲ့ရင် ဒေါက်တာကလူနာကိုယ်တိုင်ထက်ပိုပြီးဂနာမငြိမ်ဖြစ်နေလိမ့်မည်ပင်။

အိုက်ပေါ်ကရှယွိချန်ကိုစမ်းသပ်ခံအဖြစ်အသုံးချနေခြင်းဖြစ်လောက်မှန်းလင်ခုံးလုခန့်မှန်းမိလိုက်သည်။ ရှယွိချန်ကနှစ်ဝက်ကျော်ကြာမပြန်ခဲ့ပေ။ တစ်ဖက်လူကသူ့စမ်းသပ်ခံထိန်းချုပ်မှုလွတ်ထွက်သွားလောက်ပြီဟုခံစားမိသဖြင့် အခြေအနေကိုစစ်ဆေးရန်Aမြို့တော်ကိုအပြေးအလွှားရောက်လာခြင်းပင်။ သူကရှယွိချန်ကိုဆေးကုသမှုပြုလုပ်ရင်းအခွင့်ကောင်းယူကာ စမ်းသပ်ချက်ရလဒ်များကိုပေါင်းစည်းခဲ့သည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now