[၁၀၆] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။

4.2K 709 12
                                    

!unicode!

စဲ့ရှီးအာယုန်ကင်ကိုတတိတိကိုက်ဝါးလိုက်ပြီးမှ လက်သွားဆေးလိုက်ပြီး နောက်ဆုံးမှာကောက်ရိုးဖိနပ်ကိုလှမ်းယူပြီး သူ့ခြေဖဝါးများပေါ်သေချာဂရုတစိုက်ဝတ်ကာ စမ်းဝတ်ကြည့်လိုက်သည်။

အင်း၊ ကွက်တိပဲ၊ လူလိမ်လေးဘယ်တုန်းကတိတ်တိတ်လေးတိုင်းလိုက်မှန်းသူမသိဘူးရယ်။

စဲ့ရှီးအာရင်ထဲမှာပျော်ရွှင်သွားရပြီး ခုနကသူ့ကိုအတူအိပ်ဖို့လင်ခုံးလုခေါ်လိုက်တာကိုတွေးမိတော့ သူ့စိတ်အခြေအနေမှာမီးရှုးမီးပန်းလွှတ်တာထက်ပိုနေပြီး ပန်းများပွင့်ကာ အရောင်အသွေးစုံသောအလင်းရောင်များဖန်တီးလျက်ရှိသည်။

သူခုနကသူ၏စမ်းစစ်ချက်ထဲမှာအမှားတစ်ခုခုလုပ်မိသွားတာဖြစ်လောက်မည်ဟုပင်စတွေးလိုက်မိသည်။ လူလိမ်လေးကလည်းသူ့ကိုသဘောကျနေလောက်သည်ပင်။ အဆုံးမှာတော့ သူကတစ်ဖက်လူကိုငြင်းလိုက်တာတောင် တစ်ဖက်လူကသူ့ကိုကောင်းကောင်းဆက်ဆံဖို့ရာဆန္ဒရှိနေတုန်းပင်။

စဲ့ရှီးအာရုတ်ခြည်းအဖြေသိချင်လာရပြီး သူ၏စိတ်လှုပ်ရှားမှုကိုဖိနှိပ်ကာ ဂူထဲကိုခြေဖျားထောက်ဝင်သွားလိုက်သည်။

သို့သော်လည်း သူဝင်သွားချိန်မှာ လင်ခုံးလုကအိပ်ပျော်နေပုံပင်။

စဲ့ရှီးအာမနေနိုင်ဘဲမချင့်မရဲဖြစ်ကာစိတ်ပျက်သွားရပေမဲ့ သူသူ့ကိုမနိုးဝံ့ပေ။ တစ်အောင့်ကြာတုံ့ဆိုင်းနေပြီးနောက်မှာ သူကောက်ရိုးဖျာဘေးမှာထိုင်ချပြီး လက်မြှောက်ကာ လင်ခုံးလု၏ဆံပင်အမျှင်လေးကိုသေချာဂရုတစိုက်သပ်ပေးလိုက်မိသည်။

သူတစ်ဖက်လူကိုလောဘတကြီးစိုက်ကြည့်နေမိပြီး သူ့မျက်လုံးများပင်အနည်းငယ်ပူလာရပေမဲ့ သူအရမ်းကပ်မသွားရဲပေ။

ထိုစဥ် လင်ခုံးလုကရုတ်တရက်သူ့ဘက်လှည့်ကာ ဒဏ်ရာမပျောက်သေးသည့်လက်မောင်းဖြင့်သူ့ခါးတဝိုက်ကိုညင်သာစွာပွေ့ဖက်လာသည်။ ဒါပေမဲ့သူ့မျက်လုံးများကတော့မှိတ်ထားဆဲဖြစ်ပြီး သူ့နှုတ်ခမ်းများကမသိမသာကော့တက်နေပုံမှာ ပျော်စရာအိပ်မက်ကောင်းတစ်ခုခုမက်နေသည့်အလား။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now