[၁၅၃] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း ။

3K 564 6
                                    

Arc(7) အကြင်နာမဲ့ရက်စက်သောရှစ်စွင်း  (၂၅)။

လျိုရှီးယွီ၏တိုက်ခိုက်မှုပစ်မှတ်ကရှဲ့ကျင်းဟုန်သာဆိုရင် ရှဲ့ကျင်းဟုန်ကလုံးဝထိတ်လန့်သွားခြင်းရှိမှာမဟုတ်ပေမဲ့ ဓားရွယ်ခံရသူမှာလင်ခုံးလုဖြစ်နေသည်။ ထို့အပြင်လင်ခုံးလုမှအခုပဲသွေးထွက်ထားသဖြင့် အကြောင်းတချို့ကြောင့် သူဟာအလွန်အားနည်းလို့နေသည်။

ရှဲ့ကျင်းဟုန်၏မျက်စိသူငယ်အိမ်ရုတ်​ခြည်းကျုံ့သွားရကာ စဥ်းပင်မစဥ်းစားဘဲလှုပ်ရှားမှုပြုလိုက်မိတော့ ဒီအမောတကောလက်ဝါးချက်ကမိစ္ဆာစွမ်းအင်ယိုဖိတ်ကျလျက်ရှိသည်။

ထိုနေရာရှိလူတိုင်းအာမေဋိတ်သံပြုမိကြပြန်သည်။
"သူကမိစ္ဆာကျင့်ကြသူတကယ်ဖြစ်နေတာပဲ!"

လင်ခုံးလုမှာရှော့ခ်ရသွားပုံပေါ်ကာ သွေးတစ်လုပ်အန်လိုက်မိပြီး သူ့ခန္ဓာကိုယ်ကယိုင်ကျသွားတော့သည်။

လင်ခုံးလု: "မဟုတ်သေးဘူး၊ ငါဘာဖြစ်တာလဲ။"

0687? "မင်းကိုယ်ထဲကချိပ်စည်းပြေသွားတာ၊ မင်းကိုယ်စားအဲ့ဒါကိုခုခံလိုက်တဲ့ကူကောင်အမသေသွားပြီ။"

လင်ခုံးလု: "?" ဘာချိပ်စည်း?

0687: "မင်းရဲ့မီးပြင်းဖိုခန္ဓာကိုယ်ကိုဖိနှိပ်ထားတဲ့ချိပ်စည်းပဲ၊ ဒါကြောင့်နှစ်ပေါင်းများစွာကြာအောင်ဘယ်သူကမှမင်းကိုမီးပြင်းဖိုမှန်းသတိမထားမိတာ။ မင်းမီးပြင်းဖိုဆေးစားပြီးနောက်မှာချိပ်စည်းကစပြေလာတာ၊ ဒါပေမဲ့နှလုံးစားကူကောင်ကအဲ့ဒါနဲ့ယှဥ်တိုက်နေခဲ့တာ၊ အခုကျတော့အမေကူကောင်ပေါ့။"

လင်ခုံးလု: "....." မင်းကအမြဲတမ်းနောက်မှစိတ်ကူးပေါ်သလိုလုပ်နေတာပဲ။

မဟုတ်သေးဘူး၊ အမေကူကောင်သေသွားရင် ရှဲ့ကျင်းဟုန်ဘယ်လိုလုပ်အဆင်ပြေမှာလဲ။

မထင်မှတ်ထားစွာဖြင့် သူတွေးပြီးသည်နှင့် ရှဲ့ကျင်းဟုန်သူ့နှလုံးကိုအုပ်ကိုင်ကာသွေးတစ်လုပ်အန်လိုက်သည်။

လင်ခုံးလု: ဖာ့ခ်၊ သွေးတွေအများကြီးပဲ၊ ဒိုင်းကာကအသုံးမဝင်တော့ဘူး။

သူတောင့်မခံနိုင်တော့ဘူး၊ သူသတိလစ်တော့မယ်။

လျိုရှီးယွီမှာအခုပဲရှဲ့ကျင်းဟုန်၏လက်ဝါးကြောင့်ဒဏ်ရာရသွားပေမဲ့ အခုချိန်မှာသူအောင်မြင်သွားသောမျက်နှာထားဖော်ပြမိသည်။ မိစ္ဆာကောင်ကသူ့ရှစ်တိဆီကသွေးဆောင်ခံလိုက်ရမှန်းသူသိသည်။ အဆုံးမှာတော့သူ့ရှစ်တိကအလွန်ကြည့်ကောင်းလှသည်ပင်။ အမှန်တော့သူသွေးဆောင်မခံရရင်တောင် ဘယ်သူကများကျင့်စဥ်ကိုကြီးစွာတိုးတက်စေနိုင်တဲ့ထိပ်တန်းအရည်အသွေးရှိမီးပြင်းဖိုခန္ဓာကိုယ်ကိုထိခိုက်စေချင်စိတ်ရှိမှာတုန်း?

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now