[၉၆] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။

4.9K 848 15
                                    

!unicode!

လင်ခုံးလုမသိမသာအံ့သြသွားရကာ မနေနိုင်ဘဲမျက်လုံးများပြူးကျယ်သွားရပြီး ခဏကြာတော့တစ်ခုခုလွဲနေမှန်းသဘောပေါက်သွားသည်။

စဲ့ရှီးအာမှာမွေးဖွားလာပြီးနောက်ပိုင်းဝံပုလွေအုပ်နှင့်အတူနေထိုင်ခဲ့သည်။ သူနှင့်မတွေ့ခင်ကဆို တစ်ဖက်လူကသူ့ကိုယ်သူဝံပုလွေတစ်ကောင်ဟုအမြဲတွေးထင်ခဲ့သည်။

အရင်ဘဝဒီအချိန်မှာ စဲ့ရှီးအာကလူသားများနှင့်တစ်ခါမှအဆက်အဆံမရှိခဲ့ဖူးပေ။ သူဟာတကယ်တော့လူသားတစ်ယောက်ဖြစ်ကြောင်းသူမသိသကဲ့သို့ လောကကြီးမှာဘယ်လိုရှင်သန်နေထိုင်ရမယ်မှန်းလည်းမသိခဲ့။

အဓိကအချက်မှာ ဒါကဘယ်သူမှလာလေ့မရှိသည့်တောရိုင်းဖြစ်သည်ပင်။
အဝတ်ကြမ်းကဘယ်ကရောက်လာတာတုန်း?

ထို့အပြင် အရင်ဘဝလင်ခုံးလုသူ့ကိုမြင်လိုက်ရတုန်းကဆို သူကရည်ရွယ်ချက်ရှိရှိရေချိုးထားပေမဲ့လည်း သူဟာတစ်မျိုးတစ်ဖုံမသပ်မရပ်ဖြစ်နေဆဲပင်။

ထိုအချိန်ကသူဟာဆယ့်ရှစ်နှစ်ရှိနေပြီးဖြစ်ရာ သူ့နှုတ်ခမ်းတဝိုက်မှာမုတ်ဆိတ်မွှေးများစပေါက်လာပေမဲ့ သူဟာဘယ်တုန်းကမှမရိတ်ဘဲ မုတ်ဆိတ်ကနည်းလွန်းသည်ဟုပင်ခံစားနေရပြီး အခြားဝံပုလွေများကဲ့သို့ သူ့မျက်နှာပေါ်မှာအမွှေးများမရှိသည်ကိုသူယူကြုံးမရဖြစ်မိသည်။

နောက်ကျတော့ သူဟာလင်ခုံးလုထံမှာမုတ်ဆိတ်မွှေးရိတ်ရန်နှင့်သူ့ဆံပင်ကိုခပ်တိုတိုညှပ်ရန်တွန်းအားပေးခံခဲ့ရသည်၊ ထို့ကြောင့် သူ၏ငယ်ရွယ်ပျိုမြစ်ကာချောမောခန့်ညားသောမျက်နှာလေးပေါ်ထွက်လာသည်။

ဒါပေမဲ့အခုကျတော့---

လင်ခုံးလုကန်းမနေသဖြင့် သူကခုနကပဲမုတ်ဆိတ်ရိတ်ကာ သူ့ဆံပင်ကိုခပ်တိိုတိုညှပ်ထားမှန်းသူအကြည့်တစ်ချက်တည်းဖြင့်မြင်နိုင်လေသည်၊ ....ခွေးကိုက်ထားပုံပေါက်နေပေမဲ့လည်းပေါ့။

အရာရာတိုင်းမှာအရင်ဘဝကအခြေအနေနှင့်ကွဲပြားလျက်ရှိသည်။ ကြည့်ရတာတော့ဒီကမ္ဘာကဇာတ်လိုက်ဟာလည်းပြန်မွေးဖွားလာပုံပင်?

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now