[၁၆၃] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။

3.2K 580 10
                                    

Arc(8) တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ-(၅)။

ဖုကျင်စစ်ကဒီတိုင်းကစားနေတာဟုလင်ခုံးလုခံစားလိုက်ရသည်။ အချစ်ရေ၊ တစ်ဖက်လူရဲ့မျက်လုံးထဲမှာ သူကထပ်ပြီး"ဖောက်ပြန်"နေတာလား?

သို့သော်အနမ်းမပေးရင် သူကသေးနုတ်ပြီးကြောက်တတ်တဲ့အရူးတစ်ယောက်ပေမို့ သူတစ္ဆေကိုပထမဆုံးမြင်လိုက်ရချိန်မှာ...အိုး၊ မဟုတ်သေးဘူးလေ၊ သူကတစ်ဖက်လူကိုမြင်မှမမြင်နိုင်တဲ့ဟာ ဘယ်လိုအနမ်းသွားပေးမတုန်း?

"ဒါပေမဲ့ကျွန်တော်ခင်ဗျားကိုမမြင်ရဘူးလေ။"
သူနောက်ဆုံးမှာအကြောင်းပြချက်ရှာတွေ့သွားကာ အပြစ်ကင်းစွာနှင့်ရိုးသားစစ်မှန်စွာပြောလိုက်သည်။

"မင်းငါ့ကိုတကယ်နမ်းဖို့ကြံနေတာလား။" သေချာတာပေါ့၊ ဒါကိုကြားတော့ဖုကျင်စစ်တစ်ယောက်ဒေါသထွက်လာသည်။

လင်ခုံးလုကဆန္ဒမရှိရင်သူမပျော်ပေ။ လင်ခုံးလုဆန္ဒရှိပြန်တော့ သူပို၍ပင်မပျော်မရွှင်ဖြစ်မိသည်။ သူကောက်ကျစ်သောလေသံဖြင့်ပြောလိုက်သည်။
"မင်းကဘယ်တစ္ဆေတစ်ကောင်ရဲ့တောင်းဆိုမှုကိုမဆိုလက်ခံမှာလား။"

"မင်းဒီလောက်တောင်စည်းမရှိဘူးလား။"

"မင်းသတိရသေးရဲ့လား။ မင်းမှာယောကျ်ားရှိတယ်ဆိုတာကိုလေ?"
သူမနေနိုင်ဘဲလင်ခုံးလု၏နားရွက်ကိုအသာဆွဲကာမေးလိုက်သည်။

လင်ခုံးလုမှာတွန်းအားပေးခံရကာမျက်စိတစ်ဖက်တင်းတင်းမှိတ်လိုက်မိပေမဲ့ ရင်ထဲမှာတော့တွေးလိုက်မိသည်: ကြည့်လေ၊ တကယ်ဇီဇာကြောင်ချက်။

"မင်းကအိမ်ထောင်သည်တစ်ယောက်ရဲ့စည်းမျဥ်းကိုမလိုက်နာဘူးပဲ။"
ဖုကျင်စစ်ကအဆုံးသတ်မှာသူ့နားရွက်များကိုကြမ်းတမ်းစွာပွတ်သပ်ကာ အံကြိတ်လိုက်မိပြီး သူနာကျည်းမှုရှိသောခင်ပွန်းတစ်ယောက်ကဲ့သို့ခံစားလိုက်ရကာချဥ်တူးသွားရသည်။

လင်ခုံးလု: မင်းကတော့လိုက်နာတယ်လေ။ မင်းအတွက်မုခ်ဝတစ်ခုဆောက်ပေးရအုံးမလား။

အခုတော့တစ္ဆေလောင်ကုန်းကအဲ့လောက်ကြောက်စရာမကောင်းဘူးဟုသူခံစားလိုက်ရသဖြင့် သူမနေနိုင်ဘဲသမ်းဝေချင်လာကာအနည်းငယ်အိပ်ငိုက်လာချေသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now