[၅၉] မသန်စွမ်းရေသူမင်းသားနှင့်လက်ထပ်ခြင်း။

6.6K 1.1K 49
                                    

!unicode!

လန်ဇယ်နှင့်ပတ်သတ်ပြီးတစ်ခုခုမှားနေသည်ဟုလင်ခုံးလုခံစားလိုက်ရကာ ငါးမြှီးကိုကိုက်ကြည့်လိုက်မိသည်။ သူဟာဒေါသမထွက်ရုံတင်သာမက သူ့လက်ထောက်ချောင်အန်းကိုပင်ဖုန်းခေါ်ကာ လတ်လတ်ဆတ်ဆတ်ကြော်ထားသည့်ငါးခြောက်အစပ်ပန်းကန်အများအပြားပို့ခိုင်းပြီး ၎င်းကသူ့အတွက်ဆုလဒ်ဟုဆိုသည်။

လင်ခုံးလုငါး​​ခြောက်လေးကိုယူကာ လန်ဇယ်ကိုသံသယဖြင့်ကြည့်လိုက်မိပြီး တွေးလိုက်မိသည်: ဘာမှယဥ်ကျေးနေစရာမလိုဘူး၊ ခိုးစားတာမဟုတ်သလိုလုစားတာလဲမဟုတ်ဘူးလေ။

လန်ဇယ်ကသူဘာတွေးနေမှန်းခန့်မှန်းမိပုံရကာ သူ့လက်ကောက်ဝတ်ကိုလှမ်းကိုင်ပြီး ငါးခြောက်ကိုသူ့ပါးစပ်ထဲသွင်းပေးကာ အပြုံးလေးဖြင့်ဆိုလာသည်။
"အရသာရှိလား။"

လင်ခုံးလုမျက်လုံးမှေးစင်းကာဝါးစားလိုက်မိပြီး ကြောင်နားရွက်လေးများစွာစိတ်လှုပ်ရှားစွာဖြင့်အလွန်လျင်မြန်စွာထောင်မတ်လာသည်။ ငါးကလေး၏တစ်ကိုယ်လုံးမှာရွှေဝါရောင်ရှိပြှး သူတစ်ခါမှမမြင်ဖူးသည့်ငါးအမျိုးအစားဖြစ်ကာ အကြွပ်ကြော်လိုက်ပြီးနောက်၎င်းမှာစပ်စပ်ကလေးဖြင့် အရသာရှိကာအလွန်ဝါးလို့ကောင်းလှသည်။

သူချက်ချင်းမျက်လုံးဖွင့်ကာ မျက်လုံးတောက်တောက်လေးဖြင့်ပြောလိုက်သည်။
"ကောင်းပါ့ဗျာ။"

လန်ဇယ်၏နှုတ်ခမ်းထောင့်ကော့တက်သွားကာ သူ့ဘေးကစက်ရုပ်လေးကိုဇွန်းထဲတချို့ထည့်ပေးဖို့အမူအရာပြလိုက်ပြီးမှ ဇွန်းလက်ကိုင်ကိုကိုင်ကာ ကောင်လေးကိုထပ်ခွံ့ကျွေးပြီးပြောလိုက်သည်။
"ကောင်းရင်အကုန်စား။"

ဒါကသာမန်ငါးခြောက်မဟုတ်ပေ။ ရှန်းအာရှင်းပင်လယ်နက်ထဲရှိ ပင်လယ်ရေညှိတစ်မျိုးဖြစ်သည်။ ရေညှိကိုဒီရွှေငါးလေးကစားလိုက်တော့ ရွှေငါးလေး၏ခန္ဓာကိုယ်ထဲမှာအာဟာရအသစ်ဖြစ်ပေါ်လာကာ ရွှေငါးလေး၏အသားထဲမှာစုဝေးသွားသည်။

ဤအာဟာရကားစွမ်းရည်နိုးထလာသည့်လူတစ်​​​ယောက်ကိုစိတ်စွမ်းအားအမြန်ပြန်ပြည့်ဝလာ​အောင်ကူညီပေးသည်။ သူတို့ကံကောင်းရင် စွမ်းရည်နိုးထလာသည့်လူတစ်ယောက်ကသူတို့စိတ်စွမ်းအား၏အကန့်အသတ်ကိုကျော်လွန်သုံးစွဲလို့ရနိုင်ပေသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now