[၆၄] မသန်စွမ်းရေသူမင်းသားနှင့်လက်ထပ်ခြင်း။

6K 1.1K 59
                                    

!unicode!

လန်ဇယ်ဂရုစိုက်လား။ လန်ဇယ်သေ​လောက်အောင်ဂရုစိုက်တာပေါ့!

ဒါပေမဲ့သူအကြေးခွံလဲနေဆဲငါးမြှီးကိုငုံ့ကြည့်ကာ အနည်းငယ်ရွံရှာသွားမိသည်။

ကျွတ်၊ ရုပ်ဆိုးလိုက်တာ၊ ငါအချိန်ခဏလောက်ကြောင်ငပျင်းအမြင်ခံလို့မဖြစ်ဘူး၊ အဲ့ကောင်ကယန်ထိန်းချုပ်မှုပဲ။

ဒုတိယမြောက်နေ့တွင် လေ့ကျင့်ရေးအိုင်တမ်များမှာရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနှင့်တောင့်ခံနိုင်မှုလေ့ကျင့်ရေး​ဖြစ်နေဆဲပင်။ လေ့ပကျင့်ရေးအဆုံးမှာ လင်ခုံးလုမှအပ လူတိုင်းမောပန်းနွမ်းနယ်နေကြသည်။

[ဟေ့၊ ငါရုတ်တရက်လင်ခုံးလုရဲ့ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကမထင်မှတ်ထားလောက်အောင်သန်မာနေတာကိုတွေ့လိုက်ရတယ်]

လူတချို့မှာသူ့အပေါ်သူတို့အမြင်ကိုတဖြည်းဖြည်းချင်းစတင်ပြောင်းလဲလာကြသည်။

တတိယမြောက်နေ့တွင် လေ့ကျင့်ရေးအိုင်တမ်များမှာအတားအဆီးကိုကျော်လွှားခြင်းနှင့်တွယ်တက်ခြင်းဖြစ်သည်။ လင်ခုံးလုအရှိန်တင်လိုက်ပြီး အလွန်စိတ်လှုပ်ရှားကာသူ့ကြောင်နားရွက်များကိုထုတ်ပြမိမတတ်ပင်။ ကြောင်ဗီဇနိုးထလာပြီးနောက်ပိုင်း ဒီဟာများဟာသူ၏အထူးကျွမ်းကျင်မှုဖြစ်သည်။

သေချာတာပေါ့၊ အတားအဆီးများကိုဖြတ်သန်းချိန်မှာ သူလေ့ကျင့်ရေးဆင်းဖို့လိုအပ်ခဲကာ သူ့ခန္ဓာကိုယ်မှာပျံလွှားငှက်ပမာပေါ့ပါးလှပြီး ပြားကပ်ကပ်မြေပြင်ပေါ်မှာလမ်းလျှောက်နေသည့်အလား သူဟာတန်းကိုမျက်စိတစ်မှိတ်အတွင်းခုန်ကျော်သွားသည်။

[...ခုနကဘာပျံသွားတာလဲဟင်?]

[ခုန်နေတဲ့ပုံလေးကချစ်စရာလေးဟယ်]

အချိန်မှတ်ဖို့တာဝန်ယူထားသည့်စက်ရုပ်မှာလည်းဇဝေဇဝါဖြစ်လျက် ခေါင်းလှည့်ကာခယ့်လီစစ်ကိုမိန်းမောစွာမေးလာသည်။
"စံချိန်ချိုးသွားပြီ။"

ခယ့်လီစစ်အံ့သြသွားကာမေးလိုက်မိသည်။
"ဘယ်လိုစံချိန်ချိုးသွားတာလဲ။"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now