[၁၅၆] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။

3K 562 15
                                    

Arc(7) အကြင်နာမဲ့ရက်စက်သောရှစ်စွင်း (၂၈)။

ချန်းမျန့်၏ပုံရိပ်ပျော​က်ကွယ်သွားပြီးနောက် ရှဲ့ကျင်းဟုန်မှာတိတ်ဆိတ်ကာအထီးကျန်ဆန်သောနန်းဆောင်ခန်းမထဲတွင်တစ်​ယောက်တည်းထိုင်ကာ ပလ္လင်၏လက်တန်းပေါ်ကိုလက်ချောင်းထိပ်များဖြင့်တတောက်တောက်ခေါက်နေမိသည်။

သူရဲကောင်းကအလှလေးကိုကယ်တင်မယ်? ဟက်၊ ရှစ်စွင်းကဒီလိုဖန်တရာတေ​နေတဲ့အကြံနဲ့အရူးလုပ်ခံရမယ်တဲ့လား။

ရှဲ့ကျင်းဟုန်အတည်မယူဘဲ တစ်အောင့်ကြာတွေးကြည့်ပြီးနောက် သူ့လက်ဖဝါးအောက်ကဝတ်ရုံကိုအသာပွတ်သပ်လိုက်မိသည်။ ဒါကရှစ်စွင်းမှော်အိတ်ထဲကထုတ်လာတဲ့ဝတ်ရုံဆိုတော့....ရှစ်စွင်းဝတ်ထားတာဖြစ်လောက်မယ်။

ဒါကိုတွေးမိတော့ သူ့မျက်လုံးတောက်ပသွားကာ မထိန်းနိုင်ဘဲသူ့ဝတ်ရုံလက်ကိုသူ့ရင်ခွင်ထဲပွေ့ဖက်ကာ ပလ္လင်ပေါ်မှာလိပ်ပြီး စိတိကျေနပ်စွာဖြင့်အသာအယာရှူကြည့်လိုက်မိသည်။

လင်ခုံးလုဒီမြင်ကွင်းကိုစနစ်၏တိုက်ရိုက်ထုတ်လွှင့်မှုမှတဆင့်မြင်လိုက်ရပြီး သူ့နားရွက်ဖျားများရဲတွတ်သွားရကာ သူ့နှုတ်ခမ်းထောင့်မသိမသာတွန့်သွားရသည်။

နှာဘူးလေး၊ အဲလေ၊ ဒီမိစ္ဆာလေးကဒီလောက်....ရူးတယ်လား။

သို့သော်ရှဲ့ကျင်းဟုန်သူ့ကိုညဘက်လာတွေ့ချိန်မှာ သူ့ကြည့်ရတာပုံမှန်ဖြစ်ပုံပေါ်ပေမဲ့ သူ့မျက်နှာမှာတော့အနည်းငယ်ဖြူဖျော့နေတုန်းပင်။

လဝက်ကြာပြီးနောက်မှာ လင်ခုံးလုနေ့တိုင်းမစုပ်ယူတော့ပေ။ ရှဲ့ကျင်းဟုန်ကနေ့တိုင်းလာတတ်သော်ငြား ထိုကိစ္စအတွက်မဟုတ်ပေ။ မက်မွန်ပွင့်လွှာမပွင့်လာရင် သူကကျောက်စိမ်းလွှာတစ်ခုထုတ်ပြီးပြတင်းပေါက်ဘေးမှာထိုင်ကာ ကျောက်စိမ်းလွှာကိုကြည့်နေပုံရပေမဲ့ အမှန်တော့လင်ခုံးလုကိုမျက်လုံးထောင့်မှတဆင့်ခိုးကြည့်နေခြင်းပင်။

လင်ခုံးလုအိပ်ပျော်သွားချိန် သူကုတင်ဆီလျှောက်သွားကာ တစ်ဖက်လူ၏မျက်နှာကောက်ကြောင်းကိုသူ့မျက်လုံးများဖြင့်မှတ်သားတတ်သည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now