[၁၀၇] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။

3.9K 722 7
                                    

!unicode!

သန္ဓေပြောင်းအင်းဆက်ပိုးကောင်မှာအရွယ်အားဖြင့်အလွန်ကြီးမားပြီး ၎င်း၏အခွံမာပေါ်မှာအနီရောင်အဖုအပိန့်ကြီးများဖောင်းကြွလျက်ရှိပြီး တချို့မှာဖားပြုတ်နှင့်တူနေသဖြင့် ဦးခေါင်းခွံကိုထုံကျင်သွားစေသည်။

၎င်းပေါ်လာတာမြင်တော့ ဟေးဝေကိုဝိုင်းထားကြသည့်ဝံပုလွေများမှာကြောက်လန့်တကြားထွက်ပြေးသွားကြပြီး အပြန်အလှန်ကိုက်နေကြသည့်ဟေးဝေနှင့်တုအာသာကျန်ရစ်ခဲ့သည်။

လင်ခုံးလုချက်ချင်းလက်မြှောက်ကာ သေနတ်မြှောက်ကိုင်ရင်း ဟေးဝေကိုအော်ပြောလိုက်သည်။
"မပြေးသေးဘူးလား။"

ဟေးဝေကတုအာ၏လက်သည်းများအောက်မှာဖိချခံထားရပြီး သူသန္ဓေပြောင်းပိုးကောင်ကိုမြင်လိုက်ရချိန်မှာ တုအာကိုနောက်ခြေများဖြင့်အထိတ်တလန့်ကန်ထုတ်မိကာ ထရပ်ပြီးထွက်ပြေးသွားလိုက်သည်။

တုအာကသန္ဓေပြောင်းပိုးကောင်ကိုနောက်ကျောပေးထားသည်။ ကန်ထုတ်ခံလိုက်ရပြီးနောက် အန္တရာယ်ချဥ်းကပ်လာနေမှန်းသဘောပေါက်သွားသဖြင့် ကြောက်လန့်တကြားထွက်ပြေးမိသည်။ ဒါပေမဲ့​ခြေနှစ်လှမ်းလှမ်းလိုက်ရုံသာရှိသေး၊ သန္ဓေပြောင်းပိုးကောင်၏ဧရာမလက်မကြီးက၎င်း၏အမြှီးကိုညှပ်ပစ်လိုက်ရာ "ဂျွတ်"ခနဲမြည်သံနှင့်အတူ ဝံပုလွေအမြီးမှာချက်ချင်းနှစ်ပိုင်းပြတ်သွားလေတော့သည်။

တုအာ"အာဝူး"ဟုအော်လိုက်မိပေမဲ့ ခေါင်းလှည့်မကြည့်ရဲဘဲ ရှေ့ကိုအဆက်မပြတ်ပြေးသွားလိုက်ပြီး ဟေးဝေဘေးကဖြတ်သွားချိန်မှာ ဟေးဝေကိုနောက်ခြေများဖြင့်ကန်ပြီး သူပြေးဖို့အချိန်ရအောင် ဟေးဝေကိုဧရာမပိုးကောင်ကြီးရှေ့ကန်ထုတ်ရန်ကြိုးစားလိုက်သည်။

ဟေးဝေမှာထော့နဲ့ထော့နဲ့ဖြစ်နေသဖြင့် သိပ်မြန်​မြန်မပြေးနိုင်။ ၎င်းကန်တာခံလိုက်ရပြီးနောက် သူမြေကြီးပေါ်တိုက်ရိုက်လဲကျသွားကာ ဧရာမလက်မကြီးများ၏ထိုးဖောက်ခြင်းခံရတော့မည်ပင်။ သူဒေါသထွက်လွန်းလို့ကျိန်ဆဲမိသည်။
"ယုတ်မာတဲ့သောက်ဝံပုလွေကောင်!"

ထိုစဥ် လင်ခုံးလုကတည်ငြိမ်စွာပစ်လိုက်ပြီး စဲ့ရှီးအာကအလင်းတန်းပမာတဟုန်ထိုးပြေးကာ ဟေးဝေကိုအရင်ကန်ထုတ်ပစ်လိုက်သည်။ ဟေးဝေမှာသူ့ခန္ဓာကိုယ်မလွင့်ထွက်သွားမီ "အောင်း"ဟုအော်ရန်သာအချိန်ရလိုက်သည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now