[၁၄၀] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။

3.3K 644 9
                                    

Arc(7) အကြင်နာမဲ့ရက်စက်သောရှစ်စွင်း (၁၂)။

ရှဲ့ကျင်းဟုန်ရေကန်ထဲမှာသံကြိုးများဖြင့်ချုပ်နှောင်ခံလိုက်ရပြီး သူ့နှဖူးနှင့်ဆံပင်စိုးသွားကာ သူသိသိသာသာကိုရှက်ရွံ့သွားခြင်းပင်။ သူခုနကစိတ်ထွေပြားနေသဖြင့် အကာအကွယ်မဲ့သွားကာချုပ်နှောင်ခံလိုက်ရပေမဲ့ အခုသူအသိပြန်ဝင်လာချိန်မှာ တိတ်တခိုးတစ်မျိုးစိတ်ပျက်သွားရပြီး သံကြိုးကိုဖျက်ဖို့ပြင်လိုက်သည်။

လင်ခုံးလုအလျင်စလိုသံကြိုးပေါ်မှာမန္တာန်တစ်ခုရွတ်ကာပြောလိုက်သည်။
"မှတ်ထားနော်၊ မင်းဒီညရေအေးကန်ထဲကထွက်သွားလို့မရဘူး၊ မဟုတ်မကောင်းတဲ့အရာတွေဖြစ်လာလိမ့်မယ်။"

ရှဲ့ကျင်းဟုန်တန့်သွားကာ ဘာဖြစ်နေမှန်းရုတ်ခြည်းနားလည်သွားသည်။

သူ့ရှစ်စွင်းရဲ့ခန္ဓာကိုယ်ကတစ်လကိုအကြိမ်ပေါင်းများစွာ....ထိုကာလမှာ မက်မွန်ပွင့်လွှာပေါ်ကပန်းများအပြည့်အဝပွင့်လန်းလာလိမ့်မည်ပင်။ အလွန်အမင်းလှပကာယစ်မူးဖွယ်ရနံ့ရှိသည်ဟုဆိုသဖြင့် ပန်းပွင့်သောကာလဟုလည်းခေါ်ဆိုကြသည်။

ရှစ်စွင်းကသေချာပေါက်ပွင့်တော့မှာ၊ သူညဘက်ဘေးအခန်းမှာနေရင်ပန်းရနံ့သက်ရောက်ခံရမှာစိုး.....မဟုတ်သေးဘူး၊ သူလွှမ်းမိုးမှုကိုစိုးရွံ့ရင် သူ့ရှစ်စွင်းရေအေးကန်ထဲမှာဆေးရေလာစိမ်တာပိုကောင်းတာပဲကို။

ထားလိုက်တော့၊ ကိစ္စကဒီလိုဆိုမှတော့ သူအပြင်မထွက်ရုံပဲပေါ့။ ပန်းရနံ့အပြင် သူ့ကိုပိုမိုသက်ရောက်စေတဲ့ကူကောင်သားအမိရှိသေးတာကိုသူ့ရှစ်စွင်းမသိလောက်ပေ။

ထိုကူကောင်နှစ်ကောင်ကိုတွေးမိပြီး အရင်တစ်ခေါက်တုန်းကသူအလွန်သက်ရောက်ခံရကာစိတ်လွတ်လုနီးပါးဖြစ်သွားခဲ့သည့်အခြေအနေကိုတွေးမိတော့ ရှဲ့ကျင်းဟုန်အေးခဲသွားရကာသူ့မျက်နှာထားအနည်းငယ်ဆိုးဝါးသွားရသည်။

သူမခုခံတာမြင်တော့ လင်ခုံးလုအလွန်ကျေနပ်သွားသည်။ သူခေါင်းငြိမ့်ကာချီးကျူးလိုက်သည်။
"မင်းဒီမှာလိမ်လိမ်မာမာလေးကျင့်ကြံနေသင့်တယ်။ ရက်အနည်းငယ်ကြာပြီးရင် ဆရာမင်းကိုရှေးဟောင်းလျို့ဝှက်နယ်မြေကိုခေါ်သွားပြီး မင်းရဲ့ကျင့်စဥ်ပြန်ရအောင်ကူညီပေးဖို့နည်းလမ်းရှာလိုက်မယ်။"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now