[၁၇၃] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။

2.9K 499 5
                                    

Arc(8) တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ-(၁၆)။

ကိုယ်ရေးအကျဥ်းကအတုဖြစ်နေတာမြင်တော့ လင်ခုံးလုအတွေးထဲနစ်သွားရပြန်သည်။

မင်းသာစိတ်ရောဂါဆရာဝန်ကောင်းတစ်ယောက်ဆို မင်းဘာလို့မင်းရဲ့သရုပ်မှန်နဲ့ကိုယ်ရေးအကျဥ်းကိုအတုလုပ်ပြီး လူတွေကိုလိုက်ကုပေးရတာတုန်း? သရုပ်မှန်ပြဿနာရှိတဲ့အပြင် ဆေးကုသမှုမှုလည်းပြဿနာရှိတယ်။

လင်ခုံးလုနှစ်ခုစလုံးကိုခန့်မှန်းမိပေမဲ့ သူ့လက်ထဲကကိုယ်ရေးအကျဥ်းကအတုဆိုတော့ သူ့ကိုရှာရခက်သည်။

သူနောင်တရစွာလှန်​လှောကြည့်မိတော့ ရုတ်တရက်ဖိုင်အဆုံးသတ်မှာဆေးမှတ်တမ်းတစ်ခုကိုတွေ့လိုက်သည်။ ၎င်းမှာထိုနှစ်ကဖုကျင်စစ်၏ဆေးမှတ်တမ်းဖြစ်သည်။

သူအလိုလိုဖွင့်ကြည့်မိတော့လက်ရေးဆေးမှတ်တမ်းဖြစ်ကြောင်းမြင်လိုက်ရသည်။ ၎င်းမှာဒေါက်တာအိုက်ပေါ်ရေးခဲ့တာဖြစ်လောက်မည်။ အဂ်လိပ်ဘာသာစကားစစ်စစ်ဖြစ်ပြီး လက်ရေးမှာအလွန်ဖတ်ရခက်ပေသည်။ နာမည်ကော်လံမှာဖျင်ရင်းဖြင့်"ဖုကျင်စစ်/...."ဟုရေးထားပြီး အနောက်ပိုင်းမှာပွတ်ဖျက်ထားသည်။

လင်ခုံးလုပွတ်ဖျက်ထားသည့်အရိပ်အယောင်ပေါ်အခြေခံပြီးသေချာကြည့်လိုက်သည်။ ဖျက်ထားသည့်အရာမှာ"ဖုလင်ရှ"ဆိုသည့်ဖျင်ရင်းစာလုံးသုံးလုံးမှန်းသေချာသလောက်ပင်။

သူအတွေးထဲနစ်သွားရကာ ဒီအချိန်တွင်ဖုကျင်စစ်ဒီမှာရှိနေတာကိုတွေးမိတော့ ရုတ်တရက်ရှယွိချန်ကိုမေးလိုက်သည်။
"မင်းဖုလင်ရှကိုသိလား။"

သူကရှယွိချန်ကိုမေးလိုက်ပုံပေါ်ပေမဲ့ အမှန်တော့ဖုကျင်စစ်ကိုပါမေးလိုက်ခြင်းပင်။

ရှယွိချန်နှင့်ဖုကျင်စစ်တို့ဒီနာမည်ကိုကြားလိုက်ရချိန်မှာ သူတို့နှစ်ယောက်လုံးပြိုင်တူမိန်းမောသွားကြသည်။ သူတို့ကထိုအကြောင်းတွေးတာအလွန်နာကျင်သည့်အလား သူတို့ခေါင်းကိုရုတ်ခြည်းအုပ်ကိုင်လိုက်သည်။

လင်ခုံးလုတစ်ခုခုမှားနေမှန်းခံစားမိလိုက်ပြီး ရှယွိချန်၏လက်ကိုအလျင်စလိုဖိကိုင်ကာပြောလိုက်မိသည်။
"နာရင်မစဥ်းစားနဲ့တော့နော်။"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now