[၁၆၈] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။

2.9K 588 33
                                    

Arc(8) တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ-(၁၁)။

မိုးချုန်းသံကအသံတိတ်သေနတ်၏အသံကိုဖုံးအုပ်သွားပေရာ ဘယ်သူမှသတိမထားမိသွားပေ။

လင်ခုံးလုသက်မချလိုက်မိပြီး သူ့နှလုံးသားမှာနောက်ဆုံးတော့ပြေလျော့သွားချေပြီ။

ဟုတ်သားပဲ၊ တစ္ဆေကိုယ်ကအားနည်းနေတာမို့ ကျည်ဆန်ကထိခိုက်အောင်မလုပ်နိုင်တာပုံမှန်ပဲ။ ရှယွိချန်ကတော့အခြေအနေကနည်းနည်းထူးဆန်းတယ်။ သူကတစ္ဆေစွမ်းအင်သက်ရောက်တာမခံရဘူးလား။

ဒါပေမဲ့ထားလိုက်တော့၊ သူတို့တစ်ယောက်ကိုတစ်ယောက်ထိခိုက်အောင်မလုပ်နိုင်ရင်ဘာမှမဖြစ်ဘူး။ ဒီကမ္ဘာကသူ့ချစ်သူကသူတို့ကိုယ်သူတို့ထိခိုက်အောင်လုပ်ရင်တောင် ရက်စက်ရုံပဲတတ်နိုင်တာ။

သို့သော်သူကစိတ်သက်သာရာရနေပေမဲ့ တိုက်ခိုက်နေသူနှစ်ဦး၏မျက်နှာမှာတော့အလွန်အမင်းရုပ်ဆိုးသွားကာ လေထုကရုတ်တရက်တိတ်ဆိတ်သွားချေသည်။

တစ်အောင့်ကြာတော့ ဖုကျင်စစ်ကလက်မြှောက်ကာအနက်ရောင်လေထဲကိုဝေ့ရမ်းပြီး ကျည်ဆန်ထိသွားသည့်သူ့နှဖူးနေရာကိုပွတ်သပ်ကာ လှောင်ပြုံးပြုံးလိုက်သည်။
"မင်းရဲ့သေနတ်ပစ်စကေးကသာမန်ပါပဲ။"

ရှယွိချန်ကလည်းသူ့ရင်ဘတ်ပေါ်ကအကျီကိုခါချလိုက်ပြီး တည်​ငြိမ်ကာမထူးခြားမခြားနားဟန်ဖြင့် သူ၏တစ္ဆေအရှိန်အဝါကိုမှတ်ချက်ပေးလိုက်သည်။
"မင်းလဲဘာမှမဟုတ်ဘူးပဲ။"

"ဟက်။" လူတစ်ယောက်နှင့်တစ္ဆေတစ်ကောင်မှာပြိုင်တူလှောင်ပြုံးပြုံးလိုက်ကြသည်။

လင်ခုံးလု: "......" မင်းတို့နှစ်ယောက်လုပ်နေတဲ့ပုံကတကယ်တူမှန်း သူအခုပဲသိလိုက်ရပြီ။

"အင်း၊ ငါတို့ထိုင်ပြီးစကားကောင်းကောင်းပြောကြရင်ကောဟင်?"
သူရှယွိချန်အနောက်မှခေါင်းလေးပြူထွက်ကာမဝံ့မရဲမေးလိုက်သည်။

သေချာပေါက်ကိုထပ်တိုက်ဖို့မဖြစ်နိုင်ဘူး....မလား? သူတို့ကတစ်ယောက်ကိုတစ်ယောက်ကိုထိမရပေ။

မထင်မှတ်ထားစွာဖြင့်ရှယွိချန်နှင့်ဖုကျင်စစ်ကပြိုင်တူရွံရှာစွာပြောလာသည်။
"ကိုယ်တို့ကဘာလို့သူနဲ့စကားပြောရမှာလဲ။"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now