[၁၀၂] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။

3.7K 669 6
                                    

!unicode!

ဟေးဝေမှာသိသိသာသာက်ိုစဲ့ရှီးအာ၏အထင်သေးသောသဘောထားကြောင့်စိတ်ပျက်သွားရပြီး မျက်နှာထက်ခက်ထန်သောအကြည့်၊ ခပ်နိမ့်နိမ်အူသံနှင့်အစွယ်ချွန်ချွန်များဖြဲပြလျက် ခုခံတိုက်စစ်ဆင်သောကိုယ်နေဟန်ထားပြုလုပ်လိုက်သည်။

ဒါကိုမြင်တော့ ၎င်းနောက်ရှိဝံပုလွေများနှင့်စဲ့ရှီးအာနောက်ကဝံပုလွေများမှာတဖြည်းဖြည်းချင်းအနောက်ဆုတ်ပြီး တိုက်ပွဲကွင်းပြင်အတွက်လမ်းဖယ်ပေးလိုက်သည်။

စဲ့ရှီးအာ၏မျက်နှာပေါ်မှာစိတ်ခံစားချက်စိုးစဥ်းမျှရှိမနေဘဲ သူ့အနားကိုဖြည်းညှင်းစွာချဥ်းကပ်လာသည့်ဟေးဝေကိုသာကြည့်နေလိုက်သည်။

လင်ခုံးလုကသစ်ပင်ကြီးနောက်မှာပုန်းလျက် အသေးစားပစ္စတိုတစ်လက်ကိုတိတ်တိတ်လေးထုတ်လိုက်သည်။ သူ၏ကျိုးနေသည်ဘယ်လက်မောင်းနှင့်ညာ​ခြေကကောင်းမလာသေးသဖြင့် သူ့မှာလှုပ်ရှားနိုင်စွမ်းအကန့်အသတ်ရှိပေရာ ဒီအခြေအနေမှာအပြင်ထွက်သွားတာကစဲ့ရှီးအာအတွက်ဝန်ထုပ်ဝန်ပိုးဖြစ်လာလိမ့်မည်ပင်။

အသေးစားပစ္စတိုကတော့ သူနှင့်အတူအမြဲသယ်သွားတတ်သည့်မိမိကိုယ်ကိုကာကွယ်ရေးလက်နက်ဖြစ်ပြီး ၎င်းမှာသက်ကယ်အာကာသယာဥ်ငယ်လေးနှင့်အတူထွက်ကျလာခဲ့ခြင်းပင်။

တစ်ကောင်ချင်းတိုက်ခိုက်မှုသက်သက်သာဆိုရင် စဲ့ရှီးအာရှုံးနိမ့်မှာကိုလင်ခုံးလုစိတ်ပူမနေပေ။

အရင်ဘဝက သူလည်းစဲ့ရှီးအာနှင့်ဟေးဝတို့၏တိုက်ပွဲကိုမြင်ခဲ့ရသည်။ ရိုးရိုးသားသားပြောရရင် ဥက္ကာခဲဓားမပါရင်တောင် ဟေးဝေကစဲ့ရှီးအာ၏ပြိုင်ဘက်မဟုတ်။ ခွန်အားအကွာအဟအရဆို စဲ့ရှီးအာမှာဝံပုလွေများနှင့်တိုက်ခိုက်ခဲ့ပြီး ဝံပုလွေများကိုပင်အနည်းငယ်အနိုင်ကျင့်ခဲ့သည်ပင်။

အဆုံးတွင် သူကားSအဆင့်ဆင့်ကဲတိုးတက်လာသောလူသားတစ်ဦးပေမို့ ဝံပုလွေတစ်ကောင်ကိုအနိုင်ကျင့်တာကမူလတန်းကျောင်းသားတစ်ယောက်ကိုအနိုင်ကျင့်နေရသကဲ့သို့ပင်။

ဒါပေမဲ့ဟေးဝေရှုံးသွားပြီးနောက်မှာ တစ်ဖက်ကထိုဝံပုလွေတွေကကတိမတည်ဘဲ ညစ်ပတ်တဲ့လှည့်ကွက်တွေသုံးလာခဲ့ရင်ကော?

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now