[၁၃၂] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။

3.6K 660 7
                                    

!unicode!

Arc(7) အကြင်နာမဲ့ရက်စက်သောရှစ်စွင်း (၄)။

ရှဲ့ကျင်းဟုန်ကလင်ခုံးလုကိုလှမ်းဖမ်းပြီးနောက် တစ်ဖက်လူကိုသူ့ရင်ခွင်ထဲအလွယ်လေးထည့်လိုက်ပုံမှာ သတို့သားကသူ၏ချစ်ရသူကိုပွေ့ကာမဂ်လာခန်းထဲဝင်ဖို့ပြင်နေသည့်အလား။

သူ့နှုတ်ခမ်းထက်မှာအပြုံးတစ်ပွင့်တစ်ချိန်လုံးရှိနေပြီး သူ့မျက်ဝန်းထဲမှာအနီရောင်အလင်းတစ်ချက်လက်သွားပုံမှာ တည်ငြိမ်သောမုဆိုးကနောက်ဆုံးမှာသူ့သားကောင်ကိုသူ့အိတ်ထဲမှာဖမ်းမိထားသည့်အလား စိတ်လှုပ်ရှားကာချုပ်တည်းထားပြီး ​အောင်နိုင်မှုကိုဖြည်းဖြည်းချင်းအရသာခံရန်နေရာတစ်ခုရှာဖို့ပြင်လိုက်သည်။

ရွှေအူတိုင်အဆင့်ရှိကြီးမြတ်သောမိစ္ဆာတည်ထားသည့်ညို့ကွင်းမှာထူးကဲသာလွန်ပေမဲ့ ရှဲ့ကျင်းဟုန်အတွက်ကတော့ တောင်ပံပမာကျိုးပဲ့လွယ်လွန်းလှသည်ပင်။ သူကသူ့ရှေ့ကအတားအဆီးကိုသတိထားမိပုံမရဘဲ ပူဖောင်းကိုဖြတ်ကျော်သွားသည့်ပမာ ထွင်းဖောက်မြင်နိုင်သောအကာအရံကိုဖြတ်ကျော်သွားပုံမှာ အလွန်သာမန်ကာလျှံကာပင်။

ညို့ကွင်းထဲမှာရေမရှိဘဲ လေထုမှာအပြင်ကနှင့်အတူတူပင်ဖြစ်ရာ အသက်ရှုလို့ရပေသည်။

ရှဲ့ကျင်းဟုန်ကကျပန်းမန္တာန်တစ်ခုရွတ်ကာ သူနှင့်လင်ခုံးလုပေါ်ကဝတ်ရုံများကိုခြောက်သွေ့အောင်လုပ်လိုက်သည်။ ထိုစဥ် အကာအရံအပြင်ကမြွေမိစ္ဆာကမိစ္ဆာစွမ်းအင်စုပ်ယူပြီးနောက်မှာနဂါးအသွင်လုံးဝပြောင်းသွားပြီး ဟိန်းကာဖြင့်သူတို့နှစ်ယောက်ထံဒေါသတကြီးတဟုန်ထိုးပြေးဝင်လာသည်။

နဂါးအသွင်လုံးဝပြောင်းသွားပြီးနောက် သူ့မှာအလွန်ကြီးမားသောကိုယ်ထည်ရှိလာသည်။ နဂါးအမြီးကလိမ့်တက်ကာရေကိုပုတ်ခတ်လိုက်တော့ မြစ်ရေ၏အောက်ခြေမှာပြောင်းပြန်လန်သွားပြီး မြစ်ရေ၏မျက်နှာပြင်မှာပို၍ပင်မတည်မငြိမ်ဖြစ်လာသည်။

ရှဲ့ကျင်းဟုန်ကလင်ခုံးလုကိုလက်တစ်ဖက်ဖြင့်အနောက်မှာထားကာ လက်ဝါးမြှောက်ပြီး နဂါးမိစ္ဆာကိုရိုက်ချပစ်လိုက်တော့ များပြားလှသောမိစ္ဆာစွမ်းအင်စီးကြောင်းများကရောယှက်သွားကာဧရာမနဂါးကြီးကိုတင်းကြပ်စွာရစ်ပတ်သွားတော့သည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now