[၁၈၁] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။

2.6K 491 5
                                    

Arc(8) တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ-(၂၄)။

အမှောင်ထဲတွင် အချိန်မှာပိုမိုရှည်ကြာနေသယောင်။ wardအပြင်မှာအထိတ်တလန့်အသံများထွက်လာပေမဲ့ လင်ခုံးလုမကြားနိုင်ဘဲသူ့လက်များကိုသာတင်းတင်းဆုပ်ထားမိသည်။

အချိန်ဘယ်လောက်ကြာသွားမှန်းမသိ၊ မြူနက်မှာနောက်ဆုံးတွင်ပျံ့လွင့်သွားပြီး လင်ခုံးလု၏တင်းမာနေသောအာရုံကြောများမှာအနည်းငယ်ပြေလျော့သွားပေမဲ့ ခဏကြာတော့တစ္ဆေမရှိတော့မှန်းသိလိုက်ရသည်...

ဖုကျင်စစ်ထိုနေရာမှာမရှိသကဲ့သို့ရှယွိချန်လည်းမရှိ။

သူထိတ်လန့်သွားရကာအခုပဲဖြေလျှော့လိုက်မိသည့်လက်ကိုတင်းတင်းဆုပ်လိုက်မိပြန်တော့ လက်ဖဝါးထဲမှာခပ်စူးစူးခံစားလိုက်ရသည်။

ထိုစဥ်wardတံခါးမှာတွန်းဖွင့်ခံလိုက်ရပြီး ထူးဆန်းသောအဝတ်အစားများဝတ်ထားသည့်အမျိုးသားနှင့်အမျိုးသမီးများစွာတိုးဝင်လာသည်။ သူတို့ဟာပန်ဟယ်တောင်မှာပေါ်လာခဲ့သည့်သဘာဝလွန်အဖွဲ့အစည်းမှလူများဖြစ်ကြသည်။

၎င်းတို့အနက်တချို့မှာဘုန်းကြီးသက်န်းဝတ်ထားပြီး တချို့ကတော့suitဝတ်ထားကြကာ တချို့မှာတော့တီရှပ်၊ ဂျင်းဘောင်းဘီနှင့်ညှပ်ဖိနပ်ကိုသာဝတ်ထားသည်။ သို့သော်ချွင်းချက်ကတော့သူတို့အားလုံးမှာတံခါးထဲဝင်လာသည်နှင့်တည်ငြိမ်စွာဖြင့်ဟိုဟိုဒီဒီလှည့်ကြည့်နေကြသည်။

အခန်းထဲကတစ္ဆေလေထုမှာပျောက်ကွယ်သွားလုနီးပါးဖြစ်နေလေပြီ။ လူအများအပြားကဘာကိုမှခြေရာမခံမိတော့ သူတို့မျက်လုံးများကလင်ခုံးလုနှင့်....ဘယ်တုန်းကမှန်းမသိသတိလစ်သွားသည့်အိမ်တော်ထိန်းအပေါ်ကျရောက်သွားတော့သည်။

ထိုလူများအနက်လှပသောမိန်းမငယ်လေးတစ်ယောက်ကဆေးရုံကုတင်ဆီအရင်ဆုံးလျှောက်လာကာ အပြုံးချိုချိုဖြင့်ပြောလာသည်။
"မောင်ငယ်လေး၊ ခုနကwardထဲမှာပုံမှန်မဟုတ်တာတစ်ခုခုပေါ်လာသေးလား။ ဥပမာ...တစ္ဆေတို့ဘာတို့လေ? မင်းအဲ့ဒါဘယ်သွားတာမြင်လိုက်လဲ။"

ဒီအချိန်မှာလင်ခုံးလုစကားပြောချင်စိတ်ရှိနေ။ သူနှုတ်ခမ်းစေ့ကာမထင်မှတ်ထားသောမေးခွန်းတစ်ခုကိုမေးလိုက်သည်။
"ကျွန်တော်ကမင်းထက်ကြီးမယ်ထင်တယ်နော်။"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now