[၁၆၆] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။

2.8K 577 32
                                    

Arc(8) တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ-(၈+၉)။

လင်ခုံးလုအသိပြန်မဝင်လာခင် ရှယွိချန်ကရှေ့တိုးကာ ဖုကျင်ယန်၏အကျီကော်ကိုဆွဲပြီး ကလေးကိုကောက်မလိုက်သည်။

ဖုကျင်ယန်မှာအလွန်ပြင်းထန်စွာငိုလွန်းလို့ သူ့မျက်လုံးမှာမျက်ရည်များဖြင့်မှုန်ဝါးလာသည်။ သူရုတ်ခြည်းကောက်မခံလိုက်ရသည်။ သူကြောင်အမ်းသွားရကာအလိုလိုမော့ကြည့်လိုက်မိသည်။ ထို့နောက်သူပိုမိုကျယ်လောင်စွာအော်ငိုမိပြီး လင်ခုံးလုစောဒကတက်မိသည်။
"ခင်ဗျားတကယ်ပဲကျွန်တော့်ကိုမလိုချင်တော့ဘူးလား။ ကျွန်တော့်ကောမရှိတော့ရင် ခင်ဗျားကအခြားတစ်ယောက်နဲ့ထွက်ပြေးသွားလိမ့်မယ်...."

ဖုကျင်ယန်ကထိုကလေးများ၏စကားကိုတုပလိုက်ရုံပင်၊ သို့သော် ပြောလိုက်သူမှာမရည်ရွယ်ပေမဲ့ နားထောင်သူနားထဲမှာတော့တစ်မျိုးဖြစ်သွားသည်။ ရှယွိချန်ချက်ချင်းမျက်မှောင်ကြုတ်မိသည်။

လင်ခုံးလု၏နှဖူးကြောများထောင်လာကာ သူဒေါသတကြီးပြောမိသည်။
"အမှန်ပဲ၊ ငါမင်းလိုမျိုးညစ်ပတ်တဲ့ကလေးကိုသေချာပေါက်မလိုချင်ဘူး။"

တော်ပါတော့ကွာ၊ သူကယောက်ဖနော်၊ အမေမဟုတ်ဘူး။

သို့သော်ကလေးလေးကစိတ်မကောင်းဖြစ်ကာတုံးအပုံပေါ်နေတာမြင်တော့ သူလည်ချောင်းရှင်းလိုက်ပြန်ကာ တုတ်ချောင်းကိုရိုက်ပြီးချိုမြိန်သောအရသာပေးကာချော့မြူလိုက်သည်။
"ဒါပေမဲ့အခုမင်းကိုယ်မင်းသန့်ရှင်းရေးသွားလုပ်မယ်ဆိုရင်တော့ ငါပိုလိုချင်လာလောက်မယ်။"

ကလေးကဒါကိုကြားသော် ချက်ချင်းရေသွားချိုးရန်ရုန်းကန်လာသည်။

လင်ခုံးလုကရှယွိချန်ကိုမြန်မြန်လေးတစ်ချက်လှမ်းကြည့်ပြီး အကြာကြီးစိုက်မကြည့်ရဲဘဲ ပုံမှန်လေသံဖြင့်ပြောလိုက်သည်။
"ရှ...ဒရိုင်ဘာ၊ သူရေသွားချိုးပါစေ။"

ရှယွိချန်သူ့ကိုနင့်နင့်နဲနဲကြည့်လိုက်မိသည်။ မျက်လုံးထောင့်မှနေ၍ အိမ်တော်ထိန်းဦးလေးကျောက်လာနေတာမြင်တော့ ဖူကျင်းယန်၏အကျီကော်လာကိုလွှတ်ပေးလိုက်သည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now