[၁၁၄] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။

4K 679 3
                                    

!unicode!

သူရှာတွေ့သွားမှန်းမြင်တော့ စဲ့ရှီးအာအလျင်စလိုပန်းကိုင်ကာ လင်ခုံးလု၏မြင်ကွင်းကိုပိတ်ရပ်ပြီး ချောင်းအသာဟမ့်ကာပြောမိသည်။
"မင်းအတွက်။"

လင်ခုံးလုပန်းကိုလှမ်းယူကာ သူ့ဆံပင်ပေါ်ကသစ်ရွက်ကိုဖယ်ပေးပြီး ရယ်မောကာပြောလိုက်သည်။
"မင်းဘာလို့တစ်ပင်ထဲကွက်ခူးလာတာတုန်း?"

ဒါပေမဲ့စဲ့ရှီးအာကအပင်အနည်းငယ်ပိုရှာခဲ့ရင် နှင်းဆီပင်ကဒီလောက်ခေါင်းပြောင်ပြီး ပန်းဖူးများသာကျန်တော့မည်မဟုတ်။

စဲ့ရှီးအာတုံ့ဆိုင်းခြင်းမရှိပြောလိုက်သည်။
"အဲ့အပင်ကအထင်ပေါ်ဆုံးနဲ့အလှဆုံးပဲ။"

လင်ခုံးလု: .....တော်တော်လေးကွန်ဖီးဒန့်ရှိနေပါလား။

ထိုစဥ် ဝံပုလွေဖြူလေးကစဲ့ရှီးအာနောက်မှာခေါင်းလေးပြူထွက်လာကာ ပါးစပ်ထဲတွင်နှင်းဆီပန်းလေးငါးပွင့်ကိုက်လျက်သားဖြင့် အူလာသည်။
"ရှောင်လု၊ ငါလဲပေးချင်တယ်။"

စဲ့ရှီးအာခြေဖဝါးမြှောက်ကာ ၎င်းကိုသူ့နောက်ပြန်တွန်းပို့လိုက်ပြီး မည်းတူးသောမျက်နှာဖြင့်ပြောမိသည်။
"ဘေးကိုသွားစမ်းပါ။"

သူကသူ့ဇနီးလေးကိုပန်းပေးနေတာကို ဒီငတုံးဝံပုလွေပေါက်ကဘာလုပ်နေတာတုန်း?

ဝံပုလွေဖြူလေးကသူ့ဘေးမှာလဲကျသွားပြီး သူပြန်ထလိုက်ချိန်မှာ ပဟေဠိဖြစ်သွားပုံပင်။ သူ့ဟာကလည်းကပန်းလက်ဆောင်ပဲလေ။ ဧကရီအန်းယာကိုပေးတုန်းကရပြီး အခုကျတော့ဝမ်ကဘာလို့မပျော်မရွှင်ဖြစ်သွားတာလဲ။

လင်ခုံးလုမှာချစ်စဖွယ်ဝံပုလွေဖြူလေး၏တုံးအအပုံစံလေးကြောင့်ရွှင်မြူးသွားရပြီး ထိုအခါမှသာနှင်းဆီပန်းကနေရာအတော်များများမှာခွေးကိုက်ခံထားရပုံပေါ်မှန်းသူသဘောပေါက်သွားပြီး နှင်းဆီပန်းအတွက်တစ်စက္ကန့်မျှစိတ်မကောင်းမဖြစ်ဘဲမနေနိုင်ပေ။

သူဒူးထောက်ချကာ ဝံပုလွေဖြူလေးကိုက်ထားသည့်နှင်းဆီပန်းများကိုယူလိုက်ပြီးနောက် စဲ့ရှီးအာကိုခေါ်ကာဒီနှင်းဆီပန်းများ၏ဆူးကိုဖယ်ခိုင်းပြီး ၎င်းတို့ကိုကြည်လင်သောရေဖြင့်ပန်းအိုးထဲမှာထည့်ခိုင်းလိုက်သည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now