[၁၂၁] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။

3.7K 665 24
                                    

!unicode!

ယွီရှင်းရီကလူကောင်းတစ်ယောက်ဖြစ်ပြီးအဆုံးထိသွားကာ စဲ့ရှီးအာကိုဝက်ဆိုက်လင့်ခ်တိုက်ရိုက်ပေးလိုက်သည်။

စဲ့ရှီးအာတော်တော်လေးနားမလည်ပေမဲ့စိတ်ထဲမှာမှတ်ထားလိုက်ပြီးနောက် ပြန်ခွင့်ထပ်တောင်းလိုက်သည်။

ယွီရှင်းရီခေါင်းကိုက်လာတော့သည်။
"မင်းဘာလို့ဒါကိုမှတ်မိနေသေးတာလဲကွာ? ငါမင်းကိုအပြင်ထွက်ခွင့်မပေးတာမဟုတ်ဘူး၊ မာရှယ်ကမင်းကိုအပြင်ထွက်ခွင့်မပေးတာ။ ပြီးတော့မင်းဘာလို့သူ့ကိုတွေ့ဖို့ဒီလော​က်စိတ်ပူနေတာလဲ။ ဦးလေးရဲ့အကြံပေးချက်ကိုနားထောင်၊ ညားခါစလင်မယားထက်ပိုဆိုးနေတယ်။ ရက်နည်းနည်းခွဲနေရတာဘာမှမဖြစ်ပါဘူး၊ တကယ်မဖြစ်နိုင်ဘူးဆိုရင်မင်းဗီဒီယိုကောလ်ပြောလို့မရဘူးလား။"

စဲ့ရှီးအာမျက်မှောင်ကြုတ်မိသည်။
"ဒါပေမဲ့ရှောင်လုကအခုဒုက္ခရောက်နေတာလေ။"

"ဘာဒုက္ခလဲ။" ယွီရှင်းရီအလိုလိုမေးမိသည်။

စဲ့ရှီးအာဆက်သွယ်ရေးစက်ကိုဖွင့်ပြီး ဝက်ဘ်ဆိုက်ထဲဝင်ကာ သူ့ကိုသတင်းထောက်ငယ်လေး၏စိတ်လှုပ်ရှားနေသည့်တိုက်ရိုက်လွှင့်ဗီဒီယိုကိုပြလိုက်ပြီးနောက် သူ့ကို"အင်ပါယာ၏ယနေ့ဘဏ္ဍာရေး"ထဲကလင်ကုမ္ပဏီ၏ရှယ်ယာပိုင်ဆိုင်မှုပဋိပက္ခအပေါ်ကတင်ပြချက်ကိုပြသလိုက်သည်။

ဖတ်ပြီးနောက် ယွီရှင်းရီဖြည်းညှင်းစွာ"ဖာ့ခ်"ဟုထုတ်ပြောလိုက်မိသည်။

သူဒီရက်ပိုင်းစစ်တပ်သတင်းများကိုသာဖတ်ရှုနေသဖြင့် ဘဏ္ဍာရေးကိစ္စရပ်များကိုအာရုံမစိုက်ခဲ့မိပေ။ အဓိကအချက်က--

"လင်မိသားစုမှာဒီလိုကိစ္စကြီးရှိနေတာကို ချင်းရွှီကငါ့ကိုတစ်လုံးမှမပြောဘူး။"
ဗိုလ်ချုပ်ယွီ၏နှလုံးသားတစ်ပိုင်းအေးစက်သွားရသည်။

သိသာနေပြီမဟုတ်ဘူးလား။ သူတို့ကြားကမိတ်ဆွေဆက်ဆံရေးကအတူချက်ပြုတ်ဖို့ပဲလား။

စဲ့ရှီးအာလေးလံစွာခေါင်းငြိမ့်လိုက်ပြီး စိတ်သောကရောက်စွာပြောလိုက်မိသည်။
"ရှောင်လုလဲကျွန်တော့်ကိုမပြောဘူး။"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now