[၁၀၉] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။

3.7K 733 11
                                    

!unicode!

စစ်တပ်ထဲဝင်လာပြီးနောက် လင်ချင်းရွှီမှာကောင်းကင်မှောင်သွားသည်အထိ မကြာခဏအလွန်အလုပ်များတတ်ပြီး သူဆယ်ရက်နှင့်လဝက်ကြာဘယ်သူ့ကိုမှမတွေ့တာပုံမှန်ဖြစ်သည်။

လင်ခုံးလုမတော်တဆဖြစ်သွားတုန်းက သူဟာစစ်တပ်ဓာတ်ခွဲခန်းမှာပရောဂျက်တစ်ခုလုပ်ရင်းအလုပ်ရှုပ်နေပြီး သူနောက်နှစ်လမရောက်မချင်းအားလပ်ရက်ရှိလိမ့်မည်မဟုတ်။

အရင်ဘဝက လင်ခုံးလုတော်ဝင်မြို့တော်ကိုပြန်သွားချိန်မှသာ သူ့တူကလူသူကင်းမဲ့သောဂြိုဟ်မှာနေခဲ့ရပြီး သူ့ဆန်ကုန်မြေလေးယောက်ဖ၏တရားမဝင်သားထံမှအသတ်ခံခဲ့ရမှန်းသိခဲ့လေသည်။ သူအရမ်းဒေါသထွက်ပြီး တရားမဝင်သားကိုသတ်မိလုနီးပါးဖြစ်သွားခဲ့သည်။

ဒီဘဝ လင်ခုံးလုတောရိုင်းထဲမှာအနည်းငယ်ပိုကြာကြာနေခဲ့ပေမဲ့ ဒီဦးလေးတိုက်ရိုက်ရောက်လာလိမ့်မည်ဟုမထင်ထားမိပေ။

သူ့ကိုမြင်တော့ လင်ချင်းရွှီကအရှေ့ကိုအလျင်စလိုတိုးလာသည်။

"ရှောင်လု?" သူဟာသိသိသာသာကိုလှုံ့ဆော်ခံလိုက်ရပြီး သူ့မျက်လုံးများကနီစွေးသွားကာ သူလက်မြှောက်ပြီးလင်ခုံးလု၏ပုခုံးပေါ်ပုတ်ကာ သူ၏စိတ်လှုပ်ရှားမှုကိုဖိနှိပ်ပြီးပြောလိုက်သည်။
"အဆင်ပြေတာကောင်းတယ်၊ အဆင်ပြေတာ...."

"အာ။" လင်ခုံးလုမှာအပုတ်ခံလိုက်ရလို့မျက်စိရှေ့တွင်မှောင်မိုက်သွားကာ သူ့ပုံရိပ်ကယိမ်းထိုးသွားသည်။

အမှန်တော့လင်ချင်းရွှီကအားသိပ်မသုံးထားပေမဲ့ သူ့အဖျားကပိုမိုပြင်းထန်သထက်ပြင်းထန်လာကာ သူ့ခေါင်းကမူးဝေလာသည်။

ထိုအခါမှသူ့မျက်နှာပုံမှန်မဟုတ်စွာနီရဲနေမှန်းလင်ချင်းရွှီသတိထားမိသွားပြီး သူ့နှလုံးသားတင်းကြပ်သွားရကာ ခပ်မြန်​မြန်ဆောင့်ကြောင့်ထိုင်ချလျက်မေးမိသည်။
"ရှောင်လု၊ ဘာလို့...."

သူပြီးအောင်ပြောပြီးနောက် လင်ခုံးလု၏လက်ဖမိုးပေါ်ကမှိုစက်ကိုသတိထားမိသွားကာ သူ့အသားအရောင်ရုတ်ခြည်းပြောင်းလဲသွားရသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now