[၁၁၀] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။

3.8K 752 7
                                    

!unicode!

လင်ခုံးလု၏ငါးသေအကြည့်ကိုမြင်တော့ လင်ချင်းရွှီသူ့ကိုမနှစ်သိမ့်ဘဲမနေနိုင်တော့ပေ။
"စိတ်မပူပါနဲ့၊ ဧကရီအန်းယာရဲ့လူတွေကဟိုဟိုဒီဒီလျှောက်လုပ်မှာမဟုတ်လို့ မင်းမိတ်ဆွေအဆင်ပြေမှာပါ။ ငါတော်ဝင်မြို့တော်ကိုပြန်ရောက်ရင်အဲ့အကြောင်းကူစုံစမ်းပေးမယ်။"

"အဲ့ဒါကအဓိကမဟုတ်ဘူး။"
လင်ခုံးလုခေါင်းခါကာ ရုတ်ခြည်းထထိုင်လျက်ပြောမိသည်။
"ဦးလေး၊ ဦးလေးကစမ်းသပ်မှုတစ်ခုမှာအတော်လေးအားစိုက်ထုတ်ခဲ့ပေမဲ့ ရလဒ်ထွက်လာမဲ့အချိန်မှာ တစ်​ယောက်ယောက်ကရောက်လာပြီး ဦးလေးရဲ့ရလဒ်တွေကိုတစစီဖျက်ဆီးပစ်လိုက်မယ်ဆိုရင် ဦးလေးဘယ်လိုခံစားရမှာလဲ။"

"လူသတ်ချင်စိတ်ပေါ်လာမှာပေါ့။"
လင်ချင်းရွှီမစဥ်းစားဘဲပြောလိုက်သည်။

"ကျွန်တော်အခုအဲ့လိုဖြစ်​​နေတာ။"
လင်ခုံးလုတိတ်တိတ်လေးပြောလိုက်သည်။

လင်ချင်းရွှီ: "...." အဲ့တော့ဘာလဲ၊ ဦးလေးကိုသတ်တာကဥပဒေကိုဆန့်ကျင်တာပဲနော်။

သူ၏အထင်လွဲမှုကထိုသို့ဖြစ်သွားစေခဲ့ခြင်းဖြစ်ရမည်ဟုသူလည်းခန့်မှန်းမိသည်။ သူချောင်းအသာဟမ့်ကာ လက်မြှောက်ပြီးလင်ခုံးလု၏ခေါင်းလေးကိုပွတ်ပေးကာ သူ့ကိုပြန်လှဲစေပြီးပြောလိုက်သည်။
"ကိစ္စကဒီလိုဖြစ်သွားပြီဆိုတော့ ငါတို့တော်ဝင်မြို့တော်ရောက်မှအဲ့အကြောင်းပြောကြတာပေါ့၊ အခုမင်းအတွက်အရေးကြီးဆုံးအရာကကောင်းကောင်းအနားယူဖို့ပဲ။"

လင်ခုံးလုသက်ပြင်းချလျက်ခေါင်းငြိမ့်ပြလိုက်မိပြီး အခုစိုးရိမ်ပူပင်နေတာကအသုံးမဝင်မှန်းသိနေသည့်အပြင် သူ့ခန္ဓာကိုယ်ကဖော်ပြမရအောင်အိပ်ချင်နေသဖြင့် သူလှဲချပြီးတစ်ခဏအတွင်းမှာအိပ်ပျော်သွားတော့သည်။

သူအိပ်ပျော်သွားပြီးနောက် လင်ချင်းရွှီစောင်အပြင်ရောက်နေသည့်သူ့လက်ကိုကြည့်မိတော့ သူ့လက်ဖမိုးပေါ်မှာပေါ်နေသည့်မှိုစက်လေးကိုမြင်လိုက်ရပေရာ မနေနိုင်ဘဲသက်ပြင်းချမိပြီး တစ်အောင့်ကြာတော့သက်ပြင်းနင့်နင့်နဲနဲထပ်ချမိကာ သူ့လက်ကိုစောင်အောက်ထည့်ပေးကာ စောင်ခြုံပေးလိုက်သည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now