[၁၁၉] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။

3.7K 681 3
                                    

!unicode!

ယွီရှင်းရီ၏မျက်နှာထားမှာအံအားသင့်မှုမှပျော်ရွှင်မှုအဖြစ်သို့ပြောင်းသွားရပြီးလအလွန်ရှုပ်ထွေးနေမ်သည်။ အသိပြန်ဝင်လာပြီးနောက် သူစဲ့ရှီးအာ၏ပုခုံးပေါ်အားကြီးဖြင့်ရုတ်ခြည်းပုတ်ကာ နွေးထွေးသောအပြုံးလေးဖြင့်ဆိုလိုက်သည်။
"ဒီတော့ငါ့တူလေးပေါ့၊ ဘာလို့စောစောမပြောခဲ့တာလဲကွာ?"

စဲ့ရှီးအာ: "?" ဘာတူလေးတုန်း၊ ခင်ဗျားကျွန်တော့်ဦးလေးကိုအမိမဖမ်းနိုင်သေးဘူးမလား။

"ဒါနဲ့ မင်းဒီနေ့ရှောင်လုကိုတွေ့ဖို့ဆေးရုံကိုသွားအုံးမှာလား။ အတူသွားမယ်လေ၊ မင်းကိုအားလပ်ရက်ပေးလိုက်မယ်။"
ယွီရှင်းရီရုတ်ခြည်းချဥ်းကပ်လိုက်သည်။

စဲ့ရှီးအာချက်ချင်းသတိချပ်လာကာပြောမိသည်။ "ရှောင်လုကကျွန်တော့်အပိုင်။"

ယွီရှင်းရီ၏မျက်နှာမည်းတူးသွားရပြန်ကာသူပြောလိုက်မိသည်။
"မင်းဘာတွေတွေးနေတာတုန်း? ပရော်ဖက်လဲအဲ့ကိုမကြာမကြာသွားတယ်ကြားတယ်။"

သူပါသွားလိုက်ရင် သူတို့အပြန်အလှန်ဆုံနိုင်သည့်ဖြစ်နိုင်ချေရှိသည်။ အဆုံးမှာသူတစ်ဖက်လူကိုညစာစားရန်အမြဲဆင်ခြေရှာနေရလို့ ဆင်ခြေများကိုမစဥ်းစားနိုင်တော့ပေ။

"အိုး။" စဲ့ရှီးအာစိတ်သက်သာရာရသွားကာပြောလိုက်သည်။
"ရှောင်လုဒီနေ့ပဲဆေးရုံကဆင်းလာတာ၊ ဦးလေးလဲဆေးရုံကိုမကြာမကြာမသွားလောက်တော့ဘူး။"

ယွီရှင်းရီ: "....." ဒီတော့မင်းဘာလို့စောစောမပြောတာလဲကွာ?

သက်ပြင်းအရှည်ကြီးချလျက် သူရုတ်ခြည်းထရပ်ကာပြောလိုက်သည်။
"ထားလိုက်တော့၊ ပြိုင်ကြမယ်။"

သူပုံရိပ်ယောင်စစ်မြေပြင်ကိုသွားတော့မည်ဟုစဲ့ရှီးအာထင်လိုက်မိပြီး ခေါင်းဆောင်းကိုချက်ချင်းယူလိုက်ပေမဲ့ ယွီရှင်းရီကဆိုလာသည်။
"မလိုဘူး၊ ငါတို့လက်ဗလာနဲ့တိုက်မှာ၊ ဒီတော့မထိန်းထားနဲ့တော့။"

စဲ့ရှီးအာ: "....." ဒါပေမဲ့နည်းပြ၊ ကျွန်တော်သာမထိန်းထားရင် နည်းပြသေသွားလောက်တယ်နော်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now