[၉၂] သူဌေးကြီးနှင့်အစားထိုးခံ။

4.3K 703 12
                                    

!unicode!

"မင်းတို့၊ မင်း---"

လင်ကျန့်ကော်မယုံကြည်နိုင်ဖြစ်စွာကြည့်ကာ သူတို့နှစ်​ယောက်ကိုတုန်ရီနေသောလက်ချောင်းများဖြင့်လက်ညိုးထိုးလိုက်မိသည်။

ကုလူအိုကြီးမှာလည်းအံ့သြသွားပုံရပြီးမှ ကုစစ်ကိုမျက်ဝန်းထဲ၌အမုန်းတရားဖြင့် အပြစ်တင်ဟန်ကြည့်လိုက်သည်။

ဒီအသုံးမကျတဲ့ကောင်စုတ်လေးကတော့၊ ဘာလို့ကိုယ့်အခန်းကိုယ်ပြန်ပြီးသွားမနမ်းကြပြန်တာတုန်း? ညီလေးလင်ကဒီကလေးအတွက်အရိုးစွပ်ပြုတ်လုပ်ခဲ့ပေးတာရှက်စရာပဲ၊ သူမရှက်ဘူးလား။ သူ့အဖိုးဖြစ်ရတာတအားရှက်မိတယ်။

လင်ခုံးလုနှင့်ကုစစ်မှာလှုပ်ရှားမှုကိုကြားလိုက်ရချိန် ချက်ချင်းလူခွဲကာ သူတို့ဟာလည်းသူတို့ကိုရှက်ရွံ့စွာကြည့်လိုက်မိလေသည်။

"ပါး။" လင်ခုံးလုကျည်ဆံကိုက်ကာ အရင်စကားပြောလိုက်သည်။

သူကအပြင်မှာလွှမ်းမိုးချုပ်ကိုင်နိုင်တဲ့သူဌေးဖြစ်ပေမဲ့ လောင်လင်ရှေ့မှာတော့မဟုတ်ပေ၊ ရံဖန်ရံခါနားရွက်ဆွဲကာဆူငေါက်ခံရလေ့ရှိသည်။

ဒါပေမဲ့ဗီရိုတံခါးပွင့်သွားပြီမို့ ကြည့်ရတာတော့ဖုံးကွယ်ဖို့လွယ်ကူတော့မဲ့ပုံမပေါ်ပေရာ ဗီရိုထဲကထွက်လာဖို့အချိန်ကျလေပြီ။

ထို့အပြင် သူဟာလည်းလက်ထပ်ရန်တိုက်တွန်းခံရမည့်အသက်အရွယ်ရောက်နေလေပြီ။ လွန်ခဲ့သောရက်အနည်းငယ်က လောင်လင်ကသူ့ကိုနှစ်ကုန်ကျရင်ဇနီးတစ်​ယောက်ခေါ်လာဖို့ပြောခဲ့သည်ပင်....

ဒီတော့ သူကုစစ်လက်ကိုလှမ်းကိုင်ကာ လက်ချောင်းချင်းယှက်ပြီး လင်ကျန့်ကော်ကိုကြည့်ကာ တမင်ရည်ရွယ်သောလေသံဖြင့်ပြောလိုက်သည်။"
"ကျွန်တော်ပါးကိုပြဖို့တစ်​ယောက်ယောက်​ခေါ်လာသင့်တယ်လို့ ပါးပဲလွန်ခဲ့တဲ့ရက်အနည်းငယ်ကပြောခဲ့တာမဟုတ်ဘူးလား။ တကယ်တော့....ကျွန်တော်ခေါ်လာခဲ့တာကြာပါပြီ။"

သူပြောကာ ကုစစ်ကိုလှည့်ကြည့်လိုက်သည်။

ကုစစ်ကလည်းအလွန်ပူးပေါင်းဆောင်ရွက်ကာဖြင့် သူ့လက်ကိုခပ်တင်းတင်းဆုပ်ကိုင်ကာ သူ့ကိုနူးညံ့စွာကြည့်လာသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now